Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် လျှော်ဖြူရွာ၌တပ်စွဲထာသော စစ်ကောင်စီတပ်ကို PDFများ တိုက်ခိုက်၊ နှစ်ဘက်ထိခိုက်မှုရှိ

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

(လျှော်ဖြူကျေးရွာရှိ စစ်ကောင်စီတပ်အား PDF များတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)
(လျှော်ဖြူကျေးရွာရှိ စစ်ကောင်စီတပ်အား PDF များတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ လျှော်ဖြူကျေးရွာ၌ တပ်စွဲထား စစ်ကောင်စီတပ်ကို PDF များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ဧပြီ ၁၈ရက် နံနက်ပိုင်းက နံနက် ၁၁နာရီခန့်က နွားဖြူကျေးရွာအတွင်း တပ်စွဲထားသော အင်အား (၅၀)ခန့်ပါ စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လေးဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က အဲဒီနေ့မနက်ခင်းကမှ လျှော်ဖြူရွာကိုရောက်တာ။ ဘုန်းကြီးကျောင်းနဲ့ကပ်ရပ် စာသင်ကျောင်းမှာ တပ်စွဲထားတာပါ။ ကျွန်တော်တို့က ဘုန်းကြီးကျောင်းဝင်းထဲအထိရောက်ပြီး ကပ်ပစ်ခဲ့တာပါ။ မြင်းခြံ-နွားထိုးလမ်းပေါ်မှာ မိုင်းခဏခဏဆွဲတော့ အဲဒီအတွက် လမ်းလုံခြုံရေးလာတယ်လို့ထင်တယ်။ တိုက်ပွဲချိန်ကြာလာတော့ စာသင်ကျောင်းကလည်း နှစ်ထပ်ဆောင်ကြီးဖြစ်နေတော့ ဘန်ကာလည်းတအးကောင်းတော့ ဝင်သိမ်းဖို့မဖြစ်နိုင်လို့ ပြန် ဆုတ် လာခဲ့တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တော်လှန်ရေးအင်အားစုများဘက်ကလည်း ၄၀ မမ လက်နက်ကြီးစထိမှန်၍ ရဲဘော် သုံးဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“ရဲဘော်တွေက ခြေလက်ထိတယ်။ ခြေဖမိုးထိတယ်။အဲလောက်ပါပဲ။”ဟု နွားထိုးသတင်းစုံ၏ တာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်-(၄) တပ်ရင်းနှင့် မြင်းခြံခရိုင် တပ်ရင်း(၁)၊(၂)၊(၃)၊(၈)၊မြင်းခြံမြို့နယ် ပ က ဖ၊ နွားထိုးကြိးမြို့နယ် ပ က ဖ ၊ မလှိုင်မြို့နယ် ပကဖ (MHLG Wings)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။