Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီထုတ်ကုန်များ​ရောင်းဝယ်​ဖောက်ကားလျှင်ပြစ်ဒဏ်​ပေးမည်ဟု SPDF သတိပေး

စစ်ကောင်စီ ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ Adman Gold ဘီယာ၊ ဒဂုံဘီယာ၊ Ruby စီးကရက်၊ Denko ဆီဆိုင်နှင့် BOC ဆီဆိုင်များကိုရောင်းဝယ် ဖောက်ကားခြင်းမပြုလုပ်ရန် ယနေ့(နိုဝင်ဘာ ၁၁ ရက်) သတိပေးခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်းတွင်မ​ကြာ​သေးမီကအာဏာသိမ်းစစ်​ကောင်စီထုတ်မြန်မာဘီယာသည်​ဆောင်လာ​သောကားကိုဖမ်းဆီးပြီး ဘီယာများကိုဖျက်ဆီးခဲ့သည်။)

အာဏာသိမ်းစစ်ကောင်စီထုတ်ကုန်များရောင်းဝယ် ဖောက်ကားခြင်းမပြုလုပ်ရန် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ် (SPDF)ကထုတ်ပြန်လိုက်ပြီး လိုက်နာမှုမရှိပါက ကြီးလေးသောပြစ်ဒဏ်များပေးသွားမည်ဟု သတိပေးလိုက်သည်။

စစ်ကောင်စီ ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ Adman Gold ဘီယာ၊ ဒဂုံဘီယာ၊ Ruby စီးကရက်၊ Denko ဆီဆိုင်နှင့် BOC ဆီဆိုင်များကိုရောင်းဝယ် ဖောက်ကားခြင်းမပြုလုပ်ရန် ယနေ့(နိုဝင်ဘာ ၁၁ ရက်) သတိပေးခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် နိုဝင်ဘာလ ၃၀ရက်နေ့နောက်ဆုံးထားသတိပေးထားပြီးလိုက်နာမှုမရှိပါကဆိုင်သိမ်းခံရသည်အထိ ကြီးလေးသောပြစ်ဒဏ်များပေးသွားမည်ဖြစ်ကြောင်း SPDFက သတိပေး ထားသည်။

(စစ်ကိုင်းတိုင်းတွင်မ​ကြာ​သေးမီကအာဏာသိမ်းစစ်​ကောင်စီထုတ်မြန်မာဘီယာသည်​ဆောင်လာ​သောကားကိုဖမ်းဆီးပြီး ဘီယာများကိုဖျက်ဆီးခဲ့သည်။)

စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသည့် စစ်ကိုင်းတိုင်းသည် စစ်တပ်ထုတ်ကုန်မသုံးစွဲရေးလှုပ်ရှားမှုကို လက်တွေ့ကျကျလုပ်သည့်ဒေသဖြစ်သည်။ မကြာသေးမီကလည်း စစ်တပ်ထုတ်ကုန်ဘီယာများ သယ်ဆောင်လာ
သည့်ကုန်တင်ကားအား တားဆီးကာ ဘီယာပုလင်းနှင့်ဗူးအမြောက်အများကိုမီးရှို့ဖျက်ဆီးခဲ့သည်။ထို့ပြင် မြန်မာဘီယာဖြင့်ခြေဆေးသည့် ကမ်ပိန်းလည်း ပြုလုပ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရကလည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကိုအကြမ်းဖက် စီးပွားရေးလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်း ထားပြီး ၎င်းတို့နှင့် ဆက်စပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်လျှင် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသည့်လုပ်ရပ်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သော လူထုက သပိတ်မှောက်သဖြင့် စစ်တပ်ပိုင် ဘီယာလုပ်ငန်းများ အမြတ်ငွေထက်ဝက်နီးပါး လျော့ကျနေကြောင်း မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအကြောင်း စုံစမ်းရေးသားနေသည့် Justice For Myanmar ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook