Connect with us

Hi, what are you looking for?

News

ထင်ရှား​သောရုပ်သံတင်ဆက်သူအဖြစ်မှ ပြည်သူကာကွယ်​ရေးတပ်ဖွဲ့ဝင်ဖြစ်လာ​သူ ဦး​ကျော်သက်လင်း

ထင်ရှား​သောရုပ်သံတင်ဆက်သူအဖြစ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးအဖြစ်မြင်​တွေ့လိုက်ရ​သောအခါ “အရမ်းလေးစားဂုဏ်ယူမိပါတယ်ဦးကျော်။ယောက်ျားကောင်းယောကျာ်းမြတ်အဖြစ်ဦးညွှတ်ပါတယ်” ဟုဦး​ကျော်သက်လင်း၏ ပိုစ်​အောက်တွင်ပြည်သူတစ်ဦးကမှတ်ချက်ပြု​သည်။

နိုင်ငံပိုင်မီဒီယာဖြစ်​သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား( MRTV)တွင်အစောဆုံး CDM လုပ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကို လူသိရှင်ကြား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သူ လူသိ့များထင်ရှား​သော ရုပ်သံတင်ဆက်သူဦးကျော်သက်လင်းသည် ပြည်သူ့ကာကွယ်ရေးယူနီဖောင်းဖြင့် တကျော့ပြန်ပေါ်လာခဲ့သည်။

အကြမ်းမဖက်ဘဲအာဏာဖိဆန်မှု (CDM) လုပ်ပြီးသည့်နောက်ပိုင်း စစ်ကောင်စီက လိုက်လံဖမ်းဆီးရာ လွတ်မြောက်နယ်မြေသို့ အချိန်မှီတိမ်းရှောင်နိူင်ခဲ့သော၊မြန်မာအသံနှင့်ရုပ်မြင်သံကြား၏ ဦးစီးအရာရှိ ဦးကျော်သက်လင်းသည် ပြည်သူ့ကာကွယ်ရေးယူနီဖောင်းဖြင့် ၄င်း၏ ဓာတ်ပုံကို ဖေ့ဘွတ်စ်လူမှုကွန်ရက်တွင် ယနေ့(နိုဝင်ဘာ ၁၁ရက်) တင်လာခဲ့သည်။ ၎င်း၏​ဖေစ်ဘွခ်တွင် ရှစ်လဝန်းကျင်ကြာမည်သည့်ပိုစ်များမတင်၊မ​ရေးခဲ့ဘဲ​နေရာမှ ယ​နေ့ပြန်​ပေါ်လာခြင်းဖြစ်သည်။

“တောထဲဝင် ယူနီဖောင်းလေးဝတ်​သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင်အဆင်ပြေမလား။ကျနော်FB accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ။ကျနော်လား။ကိုဗစ်၊ ငှက်ဖျား၊ တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ကိုယ်ရော
စိတ်ပါ ကျန်းမာလျက်ပါ။မီးစိမ်းလေးမလင်း၊ ပြန်မလာ၊ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။စိတ်ပူနေကြသူတွေအားလုံးကိုလည်းကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ်” ဟု ရေးသားထားသည်။

လူသိ့များထင်ရှား​သော ရုပ်သံတင်ဆက်သူအဖြစ်မှ စစ်အာဏာရှင်​ကို​တော်လှန်​နေ​သော ပြည်သူ့ကာကွယ်​ရေးတက်ဖွဲ့ဝင်အဖြစ် ယူနီ​ဖောင်းအပြည့်၊အစုံဖြင့် ပစ္စတို​သေနတ်ကိုကိုင်​ဆောင်လျှက် ဦး​ကျော်သက်လင်းကိုမြင်​တွေ့ရ​သောအခါ ပြည်သူအများစုအံအားသင့်သွားကြသည်။ စစ်အာဏာရှင်ဆန့်ကျင်​ရေးအတွက် စိတ်ပိုင်းဖြတ်မှု ၊စွန့်လွတ်အနစ်နာခံမှုနှင့် သတ္တိရှိမှုအတွက်လည်း ပြည်သူများကချီးကျူး​နေကြသည်။အာဏာလုစစ်​ကောင်စီကိုခုခံ​တော်လှန်ရန်ဖွဲ့စည်း​​​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွင် ဆရာဝန်၊အင်ဂျင်နီယာ၊​ရှေ့​နေ ၊​ကျောင်းသား၊ဘုန်ကြီးလူထွက်၊​ တောင်သူလယ်သမား ၊အလုပ်သမား၊ နိုင်ငံ​ရေးသမား၊ရုပ်သံတင်ဆက်သူ မှအစပြု ၍ အလွှာ​ပေါင်းစုံမှ ပြည်သူများပါဝင်​နေမှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကြက်သီးများတောင် ထ မိပါရဲ့ ပြီးတော့ လက်သီးဆုပ်ပြီး ဒါပဲ လို့ အော်မိပါရဲ့ ။စိတ်ထဲကလဲ တခုခုပဲလို့ ထင်နေမိပါရဲ့ မှန်နေပါ၏။အစစအရာရာဂရုစိုက်ပါမောင်လေး ဘေးကင်းပါစေ တို့မောင်လေး ကျော်သက်လင်း အရေးတော်ပုံအောင်ရမည်။” ဟု ​ဖေစ်ဘွခ်သုံးစွဲသူတစ်ဦးကမှတ်ချက်ပြုသည်။

ဦးကျော်သက်လင်းသည် မြန်မာအသံနှင့်ရုပ်မြင်သံကြားတွင် သတင်းကြေငြာသူအဖြစ် လူသိများထင်ရှားပြီး စစ်တပ်က အာဏာသိမ်းပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၅ ရက်ကစ၍ CDM ပြုလုပ်ကြောင်း​ကြေငြာခဲ့သူဖြစ်သည်။

“ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သောကျွန်တော် ကျော်သက်လင်းသည် ပြည်သူလူထုက တရားဝင် ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် တရားဝင် ပြည်သူ့အစိုးရအား မတရားဖမ်းဆီး အာဏာထိန်းသိမ်းထားသော ပုဂ္ဂိုလ်များ၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် လုံးဝ (လုံး၀) ဆန္ဒမရှိပါသဖြင့် ယနေ့ (၅.၂.၂၀၂၁) ရက်နေ့မှ စတင်၍ Civil Disobedience Movement ကို စတင်ပါကြောင်း အသိပေးအပ်ပါသည်။FBအကောင့် ယခုမှပြန်ရ၍ လှုပ်ရှားမှုတွင်နောက်ကျခဲ့ရခြင်းကိုတောင်းပန်အပ်ပါသည်” ဟုကြေငြာခဲ့သည်။

ဦးကျော်သက်လင်း CDM ပြုလုပ်ခဲ့ခြင်းသည် ဌာနဆိုင်ရာဝန်ထမ်းများစွာအား CDM ပြုလုပ်ရန် စိတ်ဓာတ်ခွန်အားပေးခဲ့သည်ဟု ကာယကံရှင်ဝန်ထမ်းအချို့ကပြောသည်။

ဦး​ကျော်သက်လင်းသည် စစ်အစိုးရ​ခေတ်မှ အရပ်သားအစိုးရ​ခေတ်အထိ့ MRTV တွင် နှစ်​ပေါင်းများစွာရုပ်သံသတင်းတင်ဆက်သူတစ်ဦးဖြစ်သည်။ အကယ်ဒမီ ပွဲများတွင် အသံကြည်လင်ပြတ်သားပြီး သြဇာရှိ​သောသူ၏ အသံကအကယ်ဒမီဆုရ ဇာတ်ကားများအ​ကြောင်း​ပြောပြသည်ကို ပြည်သူများကအထူးနှစ်ခြိုက်သ​ဘောကျ ​လေ့ရှိပြီး ၊အကယ်ဒမီဆု​ပေးပွဲများနှင့်သူ၏အသံကိုပြည်သူများကတွဲမှတ်၍ပင် အမှတ်တရရှိကြသည်။ အခမ်းအနားများ၊မဂ်လာပွဲများတွင်လည်း အခမ်းအနားမှူးအဖြစ်လုပ်ကိုင်ခဲ့သည်။

အာဏာသိမ်းစစ်​ကောင်စီ​အောက်တွင်တာဝန်မထမ်း​ဆောင်ဘဲ CDMပြုလုပ်ခြင်းမှာ နိုင်ငံအနာဂတ်အတွက်ဖြစ်ပြီး ပြည်သူ​ရွေးချယ်တင်​မြှောက်ထား​သောအစိုးရပြန်ရပါက မည်သည့်ရာထူး​နေရာကိုမျှမမက်​မောဘဲ ​ရေထမ်း​ရောင်းရပါ​စေ ပြည်သူ့အစိုးရအာဏာပြန်ရ​ရေးကိုသာလိုလား​ကြောင်း သူက အင်တာဗျူးတစ်ခုတွင်ပြတ်သားစွာ​ဖြေဆိုခဲ့သူဖြစ်သည်။

ထင်ရှား​သောရုပ်သံတင်ဆက်သူအဖြစ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးအဖြစ်မြင်​တွေ့လိုက်ရ​သောအခါ “အရမ်းလေးစားဂုဏ်ယူမိပါတယ်ဦးကျော်။ယောက်ျားကောင်းယောကျာ်းမြတ်အဖြစ်ဦးညွှတ်ပါတယ်” ဟုဦး​ကျော်သက်လင်း၏ ပိုစ်​အောက်တွင်ပြည်သူတစ်ဦးကမှတ်ချက်ပြု​သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook