Connect with us

Hi, what are you looking for?

News

ဒေါ်​အောင်ဆန်စုကြည်ကို​ပေးဖို့ ​ရွှေနဲ့​ဒေါ်လာ​တွေစီစဥ်​ပေးခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းရဲ့ ဇနီးထွက်ဆို

သူ့အမျိုးသားရဲ့ တောင်းဆိုချက်အရ ရွှေချောင်းတွေနဲ့ အမေရိကန်ဒေါ်လာတွေကို စီစဉ်ပေးခဲ့ရတယ်လို့ ဒေါ်ခင်မိမိကြွယ်ကထွက်ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှုနဲ့ စွပ်စွဲထားတဲ့အမှုကို ဒီနေ့ နိုဝင်ဘာ ၁၂ ရက်က နပြည်တော်မှာစစ်ဆေးရာ ဦးဖြိုးမင်းသိန်းရဲ့ဇနီးဒေါ်ခင်မိမိကြွယ်က တရားလို သက်သေအဖြစ် လာရောက်ထွက်ဆိုသွားခဲ့ပါတယ်။

သူ့အမျိုးသားရဲ့ တောင်းဆိုချက်အရ ရွှေချောင်းတွေနဲ့ အမေရိကန်ဒေါ်လာတွေကို စီစဉ်ပေးခဲ့ရတယ်လို့ ဒေါ်ခင်မိမိကြွယ်ကထွက်ဆိုပါတယ်။

ဒါပေမယ့် ဒီလို စီစဉ်ပေးတဲ့ ရက် အတိအကျ ကိုတော့ မထွက်ဆိုခဲ့ဘူးလို့သိရပါတယ်။

ဒါအပြင် ဦးဖြိုးမင်းသိန်း ဒေါ်အောင်ဆန်းစုကြည်ထံသွားရောက်တဲ့နေ့ကိုလည်း ထွက်ဆိုတာမရှိဘူး လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

​ဒေါ်​အောင်ဆန်းစုကြည်ထံကို ဦးဖြိုးမင်းသိန်းနဲ့အတူ လိုက်ပါသွားတာမရှိဘူးလို့ ဒေါ်ခင်မိမိကြွယ်က ထွက်ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ နဲ့ ဒေါ်လာတွေ ပေးခဲ့ရတယ်လို့ ပြောထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံက ထုတ်လွှင့်ဖူးပါတယ်။

ဒါအပြင် တရားခွင်မှာ လာရောက်ထွက်ဆိုရာမှာလည်း အဲဒီရုပ်သံဖိုင်ထဲကအတိုင်းထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ လာရောက်ထွက်ဆိုတဲ့ ဒေါ်ခင်မိမိကြွယ်ဟာ အရင် ရုံးချိန်းတွေတုန်းက နေမကောင်းတဲ့အတွက် လာရောက်ထွက်ဆိုခဲ့တာမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကတော့သူအပေါ်စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ သူရဲ့ရှေ့နေတွေကို ပြောပြခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးအရ ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျင် ကျပ် ၅၅ သိန်း​ကျော်( ၅,၅၁၄,၅၃၇ ဖြစ်​သော်လည်းပြင်ပပေါက်စျေးကွက်တွင်ကျပ်၆၃သိန်းကျော်( ၆,၃၅၀,၀၀၀)​

သတင်း

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

နိုင်ငံတကာ

ဆူဘီယန်တိုကတော့ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ထပ် ၁၅ နှစ်လောက် စစ်မှုထမ်းနိုင်ဆဲဖြစ်ပြီး အသစ်မှာယူမယ့် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ရောက်ရှိမလာခင် ကြားကာလမှာ နိုင်ငံရဲ့ အချုပ်အခြာ လေပိုင်နက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်နိုင်မယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

သတင်း

ဦးဖြိုးမင်းသိန်းသည် စစ်ကောင်စီ သက်သေအဖြစ် ဆောင်ရွက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားဒေါ်လာခြောက်သိန်းနှင့် ရွှေ ၇ပိဿာ ပေးခဲ့သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့သူဖြစ်သည်။