Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့အပါ ၄ ဦးကို ပါတီဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်ကြောင်း NLD ကြေညာ

ဦးဖြိုးမင်းသိန်းသည် စစ်ကောင်စီ သက်သေအဖြစ် ဆောင်ရွက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားဒေါ်လာခြောက်သိန်းနှင့် ရွှေ ၇ပိဿာ ပေးခဲ့သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့သူဖြစ်သည်။

NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း
NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း

▪︎”ပါတီက သူတို့ကို ထုတ်ပယ်တယ်ဆိုတာ စကစလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပါတီအနေနဲ့ အခိုင်အမာဆန့်ကျင်တယ်ဆိုတာ ခိုင်ခိုင်မာမာပြသလိုက်တဲ့သဘောလို့ ကျွန်တော်အနေနဲ့ မှတ်ချက်ပေးပါရစေ”

ဦးဘိုဘိုဦး(NLD ပါတီ စမ်းချောင်းမြို့နယ်ဒုတိယဥက္ကဌ )

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းတို့ကို ပါတီက ပေးအပ်ထားသောတာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့ ထုတ်ပြန်သည်။

ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင် (ဗဟိုကော်မတီဝင်)၊ ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)တို့ကို ပါတီမှ အပြီးအပိိုင်ထုတ်ပယ်ကြောင်းနှင့် ၎င်းတို့၏ ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြသည်။

NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း
NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း

ထုတ်ပယ်လိုက်သူ ​လေးဦး၏ ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါကြောင်းလည်း လည်းအသိပေးကြေညာခဲ့သည်။

ပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးများတွင် တက်ရောက်လာသည့် ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ မတ်လ ၂ ရက်တွင် ကျင်းပသော အစည်းအဝေးတွင် ဗဟိုအလုပ်ကော်မတီက ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဦးဖြိုးမင်းသိန်းသည် စစ်ကောင်စီ သက်သေအဖြစ် ဆောင်ရွက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားဒေါ်လာခြောက်သိန်းနှင့် ရွှေ ၇ပိဿာ ပေးခဲ့သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့သူဖြစ်သည်။

ထို့အပြင် ဥပဒေချိုးဖောက် အကြမ်းဖက်အာဏာလု စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက် တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း ဖော်ပြသည်။

“ပါတီက သွားနေတဲ့ မူဝါဒနဲ့ လိုက်လျောညီထွေဖြစ်အောင် မနေဘဲနဲ့ ပြည်သူ့ဆန္ဒသဘောထားကို သူတို့ ဆန့်ကျင်ချင်တယ်ပေါ့နော်။ အထူးသဖြင့်တော့ ပါတီက သူတို့ကို ထုတ်ပယ်တယ်ဆိုတာ စကစလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပါတီအနေနဲ့ အခိုင်အမာဆန့်ကျင်တယ်ဆိုတာ ခိုင်ခိုင်မာမာပြသလိုက်တဲ့သဘောလို့ ကျွန်တော်အနေနဲ့ မှတ်ချက်ပေးပါရစေ” ဟု NLD ပါတီ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဌ ဦးဘိုဘိုဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆန္ဒသဘောထားနှင့်အညီ ရပ်တည်ဆောင်ရွက်နေသော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပြီး ပါတီသက်တမ်း (၃၅)နှစ်တာ ကာလတစ်လျှောက်လုံး ကြုံတွေ့ရသည့် အခက်အခဲအကြပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင် ဖြတ်ကျော်နိုင်ခဲ့သည်မှာ သမိုင်းဖြစ်ရပ်များက သက်သေရှိကြောင်းနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ယခုနွေဦးတော်လှန်ရေးကာလတွင် ပါတီ၏လုပ်ငန်းတာဝန်များကို ဗဟိုအလုပ်ကော်မတီမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့်ဆောင်ရွက်နေကြောင်း အသိိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။