Connect with us

Hi, what are you looking for?

LuduNwayOo

News

သရေခေတ္တရာ ပျူမြို့ဟောင်းတည်ရှိရာ မှော်ဇာတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်

ကျဆုံးမှုနှင့် စပ်လျဉ်းပြီး ပြည်မြို့ မြေအောက်လှုပ်ရှားမှုသတင်းများ(PUGN)က “ဝမ်းနည်းစရာနဲ့အဆုံးရှုံးများခဲ့တဲ့ case ပါ။ ကျနော်က တင်မပေးတော့ပါဘူး။ သိတဲ့သူတွေလည်းသိပြီးပါပြီ”ရေးသားထားသည်။

‐စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရ

ပြည်မြို့ သရေခေတ္တရာပျူမြို့ဟောင်းတည်ရှိရာ မှော်ဇာရွာမကျေးရွာတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယနေ့(နိုဝင်ဘာ ၁၂)နံနက် ၃ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပစ်ခတ်မှုတွင် ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ မှော်ဇာရွာအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဝင်ရောက်ပစ်ခတ်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦး သေဆုံးပြီး အရာရှိတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အထက်ပါစစ်ကောင်စီလုံခြုံရေးကင်း ဝင်ရောက်စီးနင်းမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Pyay PDF)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ကို ဝမ်းနည်းစွားအသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကျဆုံးမှုနှင့် စပ်လျဉ်းပြီး ပြည်မြို့ မြေအောက်လှုပ်ရှားမှုသတင်းများ(PUGN)က “ဝမ်းနည်းစရာနဲ့အဆုံးရှုံးများခဲ့တဲ့ case ပါ။ ကျနော်က တင်မပေးတော့ပါဘူး။ သိတဲ့သူတွေလည်းသိပြီးပါပြီ”ရေးသားထားသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဇေယျာမင်း သေနတ်ကျည်ထိမှန် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ပြည်မြို့နယ်အတွင်း စစ်ကောင်စီ၏ဒေါက်တိုင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖြိုဖျက်လျက်ရှိရာ ယမန်နေ့(နိုဝင်ဘာ ၁၁)က ပြည်အမှတ်(၁)ရဲစခန်းအား ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဖမ်းခံရသူတွေဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ၁၄ နှစ်သား လူငယ်ကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချခဲ့ကြောင်း စွပ်စွဲ ခံထားရသူတွေ ဖြစ်ပါတယ်။...

နိုင်ငံတကာ

လူငယ်ဟာ လူသတ်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ တရားမဝင် လက်နက်ကို လူအများကြား ယူဆောင်သွားမှုတွေ အပါအဝင် စွဲချက် ၅ ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။