Connect with us

Hi, what are you looking for?

News

သရေခေတ္တရာ ပျူမြို့ဟောင်းတည်ရှိရာ မှော်ဇာတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်

ကျဆုံးမှုနှင့် စပ်လျဉ်းပြီး ပြည်မြို့ မြေအောက်လှုပ်ရှားမှုသတင်းများ(PUGN)က “ဝမ်းနည်းစရာနဲ့အဆုံးရှုံးများခဲ့တဲ့ case ပါ။ ကျနော်က တင်မပေးတော့ပါဘူး။ သိတဲ့သူတွေလည်းသိပြီးပါပြီ”ရေးသားထားသည်။

‐စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရ

ပြည်မြို့ သရေခေတ္တရာပျူမြို့ဟောင်းတည်ရှိရာ မှော်ဇာရွာမကျေးရွာတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယနေ့(နိုဝင်ဘာ ၁၂)နံနက် ၃ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပစ်ခတ်မှုတွင် ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ မှော်ဇာရွာအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဝင်ရောက်ပစ်ခတ်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦး သေဆုံးပြီး အရာရှိတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အထက်ပါစစ်ကောင်စီလုံခြုံရေးကင်း ဝင်ရောက်စီးနင်းမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Pyay PDF)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ကို ဝမ်းနည်းစွားအသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကျဆုံးမှုနှင့် စပ်လျဉ်းပြီး ပြည်မြို့ မြေအောက်လှုပ်ရှားမှုသတင်းများ(PUGN)က “ဝမ်းနည်းစရာနဲ့အဆုံးရှုံးများခဲ့တဲ့ case ပါ။ ကျနော်က တင်မပေးတော့ပါဘူး။ သိတဲ့သူတွေလည်းသိပြီးပါပြီ”ရေးသားထားသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဇေယျာမင်း သေနတ်ကျည်ထိမှန် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ပြည်မြို့နယ်အတွင်း စစ်ကောင်စီ၏ဒေါက်တိုင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖြိုဖျက်လျက်ရှိရာ ယမန်နေ့(နိုဝင်ဘာ ၁၁)က ပြည်အမှတ်(၁)ရဲစခန်းအား ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။