Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်ရှိ PDFစခန်းတစ်ခုစီးနင်းခံရ​သော်လည်း တပ်ဖွဲ့ဝင်များလွတ်​မြောက်

“မနက်က ပစ်ခတ်ပြီးဝင်တာ။လမ်းမှာတွေ့တဲ့ခရီးသွားပြည်သူတစ်ဦးကိုလည်း ဖမ်းသွားတယ်ပြောတယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုဝင်စီးခံရသော်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၃ ရက် )နံနက် ၈နာရီ၄၅မိနစ်ဝန်းကျင်ခန့်က ဝက်လက်မြို့နယ် ထုံးဘိုကုန်းရွာ ဘိုးနတ်တောင်ပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အားလုံးလွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဒေသတွင်းသတင်းများထုတ်ပြန်နေသည့် ဇေယျာတိုင်းမ် က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ် မှန်ကန်ကြောင်း၊ ရဲဘော်များလွတ်မြောက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ဖောင်းဒိုင်းအဖွဲ့က ဖြေကြားသည်။

“မနက်က ပစ်ခတ်ပြီးဝင်တာ။လမ်းမှာတွေ့တဲ့ခရီးသွားပြည်သူတစ်ဦးကိုလည်း ဖမ်းသွားတယ်ပြောတယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံတော်လှန်တိုက်ခိုက်နေပြီး ဝက်လက်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများလည်း မကြာခဏသတ်ဖြတ်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook