Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်ရှိ PDFစခန်းတစ်ခုစီးနင်းခံရ​သော်လည်း တပ်ဖွဲ့ဝင်များလွတ်​မြောက်

“မနက်က ပစ်ခတ်ပြီးဝင်တာ။လမ်းမှာတွေ့တဲ့ခရီးသွားပြည်သူတစ်ဦးကိုလည်း ဖမ်းသွားတယ်ပြောတယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးက ပြောသည်။

ဝက်လက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုဝင်စီးခံရသော်လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၃ ရက် )နံနက် ၈နာရီ၄၅မိနစ်ဝန်းကျင်ခန့်က ဝက်လက်မြို့နယ် ထုံးဘိုကုန်းရွာ ဘိုးနတ်တောင်ပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အားလုံးလွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ဒေသတွင်းသတင်းများထုတ်ပြန်နေသည့် ဇေယျာတိုင်းမ် က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ် မှန်ကန်ကြောင်း၊ ရဲဘော်များလွတ်မြောက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ဖောင်းဒိုင်းအဖွဲ့က ဖြေကြားသည်။

“မနက်က ပစ်ခတ်ပြီးဝင်တာ။လမ်းမှာတွေ့တဲ့ခရီးသွားပြည်သူတစ်ဦးကိုလည်း ဖမ်းသွားတယ်ပြောတယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံတော်လှန်တိုက်ခိုက်နေပြီး ဝက်လက်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများလည်း မကြာခဏသတ်ဖြတ်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။