Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီသတင်း​ပေးဟုဆိုသူအမျိုးသမီးတစ်ဦးအသတ်ခံရ

“ညနေ ၄ နာရီကျော်လောက်က ပစ်တာ။ပစ်ပြီးလို့ နာရီဝက်ကျော်လောက်မှာ စခ တွေရောက်လာတယ်။ပြီးတော့ တစ်နာရီကျော် လောက် လမ်းပိတ်ပြီး စစ်တာတွေလုပ်ခဲ့တယ်”ဟု ၄၀ ရပ်ကွက်နေသူတစ်ဦးက ပြော သည်။

မြောက်ဒဂုံ ၄၀ ရပ်ကွက်ဈေးတွင် စစ်​ကောင်စီသတင်း​ပေးသည်ဆို​သောအမျိုးသမီးတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။

“ညနေ ၄ နာရီကျော်လောက်က ပစ်တာ။ပစ်ပြီးလို့ နာရီဝက်ကျော်လောက်မှာ စခ တွေရောက်လာတယ်။ပြီးတော့ တစ်နာရီကျော် လောက် လမ်းပိတ်ပြီး စစ်တာတွေလုပ်ခဲ့တယ်”ဟု ၄၀ ရပ်ကွက်နေသူတစ်ဦးက ပြော သည်။

သစ်သီ​ရောင်းသူတစ်ဦးလည်းဖြစ်​သောမထိုက်အမည်ရှိ အမျိုးသမီးသည် ယခင်က ၄၀ ဈေးအနီးတွင်ဖြစ်ပွားခဲ့သော လက်ဖက်ရည်ဆိုင်တွင်းဖမ်းဆီးမှုကိုသတင်းပေးသော ဒလန်အဖြစ်နာမည်ကြီးပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမျာနှင့်လည်း အနေနီးသူတစ်ဦးဟုရပ်ကွက်​နေပြည်သူအချို့က​ပြောသည်။

၄၀ ရပ်ကွက် နေသူတစ်ဦး၏ အဆိုအရ အောက်တိုဘာ ၁၉ ရက်က တပင်ရွှေထီးလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ မိဘမေတ္တာလက်ဖက်ရည်ဆိုင်မှ လူငယ်သုံးဦးနှင့် ဆိုင်တာဝန်ခံကို ဖမ်းဆီးခံရမှုမှာ မထိုက်၏ သတင်း
ပေးမှုကြောင့်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုစဥ်က “တော်လှန်ရေး သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်” အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ်စစ်တပ် ချေမှုန်းရေး တော်လှန်သီတင်းကျွတ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ
လူငယ်များကို စစ်တပ်က စွပ်စွဲဖမ်းဆီးခဲ့သည်။

(ဓါတ်ပုံ-မြောက်ဒဂုံ ၄၀ ရပ်ကွက် အခင်းဖြစ်ပွားရာစျေးအနီး မြင်ကွင်းဖြစ်သည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook