Connect with us

Hi, what are you looking for?

News

CRPHနှင့် ကချင် KPICT တွေ့ဆုံ၍ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေမှုများကိုဆွေးနွေး၊ ဗိုလ်ချုပ်ဂွန်​မော်နှင့် ဦးအောင်ကြည်ညွန့်တို့အပါအဝင် တာဝန်ရှိသူများတက်ရောက်

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက် သဘောတူချုပ်ဆိုသည့် ကြားကာလ သဘောတူစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင် ဖက်ဒရယ် ဒီမိုကရေစီရရှိရေး အတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရအဖွဲ့(KPICT) တို့ ယနေ့ နိုဝင်ဘာ ၁၃ရက် ညနေပိုင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPHက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက် သဘောတူချုပ်ဆိုသည့် ကြားကာလ သဘောတူစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင် ဖက်ဒရယ် ဒီမိုကရေစီရရှိရေး အတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး၊နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ၊ ရှေ့ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးကာ ပုံမှန် တွေ့ဆုံနိုင်ရေး အတည်ပြုခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတွေ့ဆုံပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် အပါအဝင် တာဝန်ရှိသူများ၊ KPICT ဥက္ကဋ္ဌ ဦးတူးရှန်၊ အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊ တွဲဖက်အတွင်းရေးမှူး
ဦးခွန်းအောင်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်တို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

CRPHနှင့် KPICT တို့အကြား ဆွေးနွေးမှုကို ယခင်က သတင်းထုတ်ပြန်ခဲ့သော်လည်း KPICTတွင် KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော် ပါဝင်ဆွေးနွေးမှုကို ယခု ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KIO/KIAသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ထို့ပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့တဲ့ မယ်တော်ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင် အား လှိုက်လှိုင်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာ ပေးပို့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ရဲ့ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း IPUက ဒီကနေ့ ကျင်းပတဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ CRPHက အသိပေးပါတယ်။