Connect with us

Hi, what are you looking for?

News

CRPHနှင့် ကချင် KPICT တွေ့ဆုံ၍ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေမှုများကိုဆွေးနွေး၊ ဗိုလ်ချုပ်ဂွန်​မော်နှင့် ဦးအောင်ကြည်ညွန့်တို့အပါအဝင် တာဝန်ရှိသူများတက်ရောက်

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက် သဘောတူချုပ်ဆိုသည့် ကြားကာလ သဘောတူစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင် ဖက်ဒရယ် ဒီမိုကရေစီရရှိရေး အတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရအဖွဲ့(KPICT) တို့ ယနေ့ နိုဝင်ဘာ ၁၃ရက် ညနေပိုင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPHက ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက် သဘောတူချုပ်ဆိုသည့် ကြားကာလ သဘောတူစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင် ဖက်ဒရယ် ဒီမိုကရေစီရရှိရေး အတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး၊နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ၊ ရှေ့ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးကာ ပုံမှန် တွေ့ဆုံနိုင်ရေး အတည်ပြုခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတွေ့ဆုံပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် အပါအဝင် တာဝန်ရှိသူများ၊ KPICT ဥက္ကဋ္ဌ ဦးတူးရှန်၊ အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊ တွဲဖက်အတွင်းရေးမှူး
ဦးခွန်းအောင်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်တို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

CRPHနှင့် KPICT တို့အကြား ဆွေးနွေးမှုကို ယခင်က သတင်းထုတ်ပြန်ခဲ့သော်လည်း KPICTတွင် KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွန်မော် ပါဝင်ဆွေးနွေးမှုကို ယခု ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KIO/KIAသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ထို့ပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်