Connect with us

Hi, what are you looking for?

News

ကွမ်းခြံကုန်းမြို့နယ်တွင် စစ်​ကောင်စီက အလိုရှိသူကို မ​တွေ့သဖြင့် ​နေအိမ်မီးရှို့ဖျက်ဆီး

“လာရှာတာ စစ်ခွေးတပ်က ကားတစ်စီး အပြည့်ပဲ။အင်အား ၄၀ ကျော်လောက်ရှိတယ်”ဟု ဒေးဒနောရွာ​ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- KNA

ကွမ်းခြံကုန်းမြို့နယ် ဒေးဒနော​ကျေးရွာတွင် အကြမ်း ဖက်စစ်​ကောင်စီတပ်က ၎င်းတို့အလိုရှိသူကို မတွေ့သဖြင့် နေအိမ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်း မြစ်များက ပြောသည်။

ယ​​နေ့(နိုဝင်ဘာ ၁၄ ရက်) နံနက် ၂ နာရီခန့်က အကြမ်း ဖက်စစ်ပစ်မှတ်ထားသည့် လူငယ်မှာ၎င်း၏ နေအိမ်တွင် မတွေ့သဖြင့် နေအိမ်ကို မီးရှို့ခဲ့သည့် အပြင် လူငယ်ရှိနေနိုင်သော အခြားအိမ်ကိုလည်း ရှာဖွေရာ မ​တွေ့ရှိသဖြင့် ထပ်မံဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ​ပြောသည်။

“လာရှာတာ စစ်ခွေးတပ်က ကားတစ်စီး အပြည့်ပဲ။အင်အား ၄၀ ကျော်လောက်ရှိတယ်”ဟု ဒေးဒနောရွာ​ဒေသခံတစ်ဦးက ပြောသည်။

ရှာဖွေခံရသည့် လူငယ်၏ အိမ်၌ သားအမိနှစ်ယောက်တည်းနေထိုင်ခြင်းဖြစ်ပြီး နှစ်ဦးစလုံးက အကြမ်းဖက်စစ်တပ်၏ဖမ်းဆီးခံရမှုမှ ကြိုတင်ရှောင်ပြေးနိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်‌မှာ ကွမ်းခြံကုန်းမြို့နယ်၌ တိုက်ခိုက်ခံရပြီးနောက် အပြစ်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။