Connect with us

Hi, what are you looking for?

News

BEတပ်မှ တပ်သားတစ်ဦး KNDFထံ လာ​ရောက်ပူး​ပေါင်း

မိမိတို့တပ်ရင်းမှ နွေးထွေးစွာကြိုဆိုခဲ့ပြီး သက်ဆိုင်သူနှင့် မိသားစုအပါအဝင် လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အပြည့်အ‌ဝတာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း KNDFက ကတိပြုသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE)တစ်ခုမှ တပ်သားအဆင့်ရဲဘော်တစ်ဦး CDMပြုလုပ်ပြီး လာ​ရောက်ပူး​ပေါင်းလာကြောင်း ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်(KNDF) B-02တပ်ရင်းက ယနေ့(နိုဝင်ဘာ ၁၄ရက်)ထုတ်ပြန်သည်။

မိမိတို့တပ်ရင်းမှ နွေးထွေးစွာကြိုဆိုခဲ့ပြီး သက်ဆိုင်သူနှင့် မိသားစုအပါအဝင် လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အပြည့်အ‌ဝတာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း KNDFက ကတိပြုသည်။

နိုဝင်ဘာ ၁၀ရက်ကလည်း လက်နက်နှင့်အတူ CDM ဝင်လာသည့်စစ်ကောင်စီတပ်သားတစ်ဦးကို ကျပ်သိန်း ၃၀ပေးအပ်ခဲ့ဟု KGZ ထုတ်ပြန်ခဲ့သည်။

ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်မည့် CDM ရဲနှင့်စစ်သားများအား ကြိုဆိုလျက်ရှိကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။