Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်း သုံးခုကို KIA ဝင်တိုက်၊ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသော်လည်း စခန်းသိမ်းပိုက်ခဲ့သည့် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ တရားဝင် အကြောင်း ကြားမှုမရသေးကြောင်း ပြောသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု သတင်းများလည်း မရသေးကြောင်း ၎င်းကဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ယနေ့(နိုဝင်ဘာ၁၄ရက်)နံနက်အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်မြို့နယ် နမ်ဂျန်ခူးဒေသရှိ ယခင် KIA တပ်ထိုင်ခဲ့သည့်နေရာများကို ပြန်လည်တိုက်ခိုက်သိမ်းယူရန် ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီမနက် ၉နာရီ နည်းနည်းကျော်တဲ့အချိန်ကတည်းက ဂျက်ဖိုက်တာနဲ့ လာပစ်တယ်ဆိုတဲ့ သတင်းအကြောင်း ကြားတာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကောင်စီတပ်သည်၎င်းတို့ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများသည့် တိုက်ပွဲများ၌ လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများ လုပ်ဆောင်လေ့ရှိသည်။

စစ်ကောင်စီတပ်စခန်းသုံးခုလုံးကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ကချင်သတင်းဌာနအချို့နှင့် ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသော်လည်း စခန်းသိမ်းပိုက်ခဲ့သည့် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ တရားဝင် အကြောင်း ကြားမှုမရသေးကြောင်း ပြောသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု သတင်းများလည်း မရသေးကြောင်း ၎င်းကဆိုသည်။

“အခုလောလောဆယ်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုတော့ အားလုံးကတော့ တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုတွေကလည်း အမြဲတမ်းနားစွန့်ဖို့ အရေးကြီးတဲ့အချိန်ကာလဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုများအား သတင်းစကားပါးသည်။

ဖားကန့်ဒေသရှိ ကချင်ဒေသခံတစ်ဦးကလည်း “ ဗုံးသံတွေ သေနတ်အသံတွေနဲ့ လေယာဉ်ကနေ ဗုံးကြဲသံတွေလည်းကြားရတယ်။ ညက ၄နာရီကနေ ကြားပြီ။ ဖြစ်တာက နမ်ဂျန်ကျေးရွာဘက်မှာ ဖြစ်တာ။ စစ်ကောင်စီစခန်းကို KIAက သိမ်းတယ်လို့ ကြားရတယ် ဟုတ်လားမဟုတ်လားတော့ အတိအကျ မသိရဘူး သူများပြောတာကတော့ အဲဒီလိုကြားရတယ်။” ဟု ပြောသည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမတ်လမှစ၍ ဖားကန့်အပါအဝင် ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်းများလုပ်ဆောင်ခဲ့သည်။ KIAသည် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင်သာမက စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။