Connect with us

Hi, what are you looking for?

News

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်း သုံးခုကို KIA ဝင်တိုက်၊ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ

ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသော်လည်း စခန်းသိမ်းပိုက်ခဲ့သည့် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ တရားဝင် အကြောင်း ကြားမှုမရသေးကြောင်း ပြောသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု သတင်းများလည်း မရသေးကြောင်း ၎င်းကဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ယနေ့(နိုဝင်ဘာ၁၄ရက်)နံနက်အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်မြို့နယ် နမ်ဂျန်ခူးဒေသရှိ ယခင် KIA တပ်ထိုင်ခဲ့သည့်နေရာများကို ပြန်လည်တိုက်ခိုက်သိမ်းယူရန် ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီမနက် ၉နာရီ နည်းနည်းကျော်တဲ့အချိန်ကတည်းက ဂျက်ဖိုက်တာနဲ့ လာပစ်တယ်ဆိုတဲ့ သတင်းအကြောင်း ကြားတာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကောင်စီတပ်သည်၎င်းတို့ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများသည့် တိုက်ပွဲများ၌ လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းများ လုပ်ဆောင်လေ့ရှိသည်။

စစ်ကောင်စီတပ်စခန်းသုံးခုလုံးကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ကချင်သတင်းဌာနအချို့နှင့် ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသော်လည်း စခန်းသိမ်းပိုက်ခဲ့သည့် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ တရားဝင် အကြောင်း ကြားမှုမရသေးကြောင်း ပြောသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု သတင်းများလည်း မရသေးကြောင်း ၎င်းကဆိုသည်။

“အခုလောလောဆယ်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုတော့ အားလုံးကတော့ တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုတွေကလည်း အမြဲတမ်းနားစွန့်ဖို့ အရေးကြီးတဲ့အချိန်ကာလဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုများအား သတင်းစကားပါးသည်။

ဖားကန့်ဒေသရှိ ကချင်ဒေသခံတစ်ဦးကလည်း “ ဗုံးသံတွေ သေနတ်အသံတွေနဲ့ လေယာဉ်ကနေ ဗုံးကြဲသံတွေလည်းကြားရတယ်။ ညက ၄နာရီကနေ ကြားပြီ။ ဖြစ်တာက နမ်ဂျန်ကျေးရွာဘက်မှာ ဖြစ်တာ။ စစ်ကောင်စီစခန်းကို KIAက သိမ်းတယ်လို့ ကြားရတယ် ဟုတ်လားမဟုတ်လားတော့ အတိအကျ မသိရဘူး သူများပြောတာကတော့ အဲဒီလိုကြားရတယ်။” ဟု ပြောသည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမတ်လမှစ၍ ဖားကန့်အပါအဝင် ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်းများလုပ်ဆောင်ခဲ့သည်။ KIAသည် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင်သာမက စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။