Connect with us

Hi, what are you looking for?

News

စကားပြောစက်တွေ့လို့ စွပ်စွဲထားတဲ့အမှု ၂ မှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထုချေမယ်

ဒီအမှုတွေအတွက် စွပ်စွဲခံရတဲ့ဘက်က သက်သေထွက်ဆိုမယ့်သူတင်သွင်းလိုပါသလားလို့ တရားသူကြီးက ဒီနေ့ တရားခွင်မှာ မေးမြန်းခဲ့ရာမှာဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

တရားမဝင်စကားပြောစက်တွေ နေပြည်တော်က နေအိမ်မှာတွေ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ အပြင် ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ ပါ စစ်ကောင်စီက စွဲဆိုထားတဲ့အမှု တွေ ကို လာမယ့် တနင်္လာနေ့ ( နိုဝင်ဘာလ ၂၂ ) ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုချေမယ်လို့ သိရပါတယ်။

အာဏာသိမ်းတဲ့နေ့က နေပြည်တော် မြနန်းဘုံသာလမ်းက နေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ တရားမဝင် စကားပြောစက်နဲ့ Jammer တစ်စုံတွေ့တယ်ဆိုပြီး ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတဲ့ ဆက်သွယ်ရေးပုဒ်မ နဲ့ စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကို ကနဦးတရားစွဲဆိုတာပါ။

အဲဒီနောက် ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ပါ ထပ်တိုးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုတွေအတွက် စွပ်စွဲခံရတဲ့ဘက်က သက်သေထွက်ဆိုမယ့်သူတင်သွင်းလိုပါသလားလို့ တရားသူကြီးက ဒီနေ့ တရားခွင်မှာ မေးမြန်းခဲ့ရာမှာဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ တရားရုံးမှာ ၂ ဖက် အပြီးသတ်လျှောက်လဲချက်ပေးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။