Connect with us

Hi, what are you looking for?

News

မဟာမိတ်​လေးဖွဲ့ကစစ်​ကောင်စီ၏ဝန်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့ယာဥ်တန်းကိုတိုက်ခိုက်၊စစ်​ကောင်စီတပ် ၁၀ ဦးထက်မနည်း​​သေဆုံးနိုင်ဟုထုတ်ပြန်

ဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာမှ အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးပြီးအရပ်သားအချို့အားဖမ်းဆီးထားသည်ဟု ဒေသခံအချို့ကပြောသည်။

(ဓါတ်ပုံ-စစ်​ကောင်စီ ၏ ဟိုတယ်ခရီးဝန်ကြီး ဦး​ဌေး​အောင်)

အကြမ်းဖက်စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဥ်တန်းကိုယမန်​နေ့ည​နေတွင် မဟာမိတ်လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း Pathein Western Defense Force (PWDF)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဟိုတယ်ခရီးဝန်ကြီးဦး‌ဌေးအောင်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့သည်ချောင်းကမ်းခြေဖွင့်ပွဲသွားပြီး အပြန် နိုဝင်ဘာ ၁၅ရက် ညနေ သုံးနာရီ​ကျော်တွင် ပုသိမ်-ချောင်းသာကားလမ်း၌ မဟာမိတ်​လေးဖွဲ့က ပူး​ပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကို ၊မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု (DGWCF) ၊ ဧရာဝတီတောဝက် ညီနောင်နှင့်Pathein Western Defense Force (PWDF)၊ Beach Defense Force (BDF) ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဟု ယ​နေ့ (နိုဝင်ဘာ ၁၆)တွင်ထုတ်ပြန်ထားသည်။

ဦး​ဌေး​အောင်၏ ယာဉ်တန်းကို တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု လည်း​ဖော်ပြထားသည်။​စစ်​ကောင်စီ၏ဝန်းကြီးနှင့်တိုင်းဝနွကြီးချုပ် ထိ့ခိုက်​သေဆုံးမှုရှိ၊မရှိကိုမူ မပါရှိ​ပေ။ စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရရှိမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာမှ အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးပြီးအရပ်သားအချို့အားဖမ်းဆီးထားသည်ဟု ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များမဟာမိတ်ပြုလုပ်ကာ စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဟု PWDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။