Connect with us

Hi, what are you looking for?

News

ပြည်သူများအားရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်​နေမှုနှင့် သာသနိကအ​ဆောက်အဦးများအား ဖျက်ဆီး​နေမှု​အ​ပေါ် ကန့်ကွက်​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်ဆလင်​ကော်မတီထုတ်ပြန်

အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းပြီးသည့်အချိန်မှစတင်ပြီး အစ္စလာမ်ဘာသာဝင် ၁၄ဦးအား ထိုကဲ့သို့မည်သည့်အကြောင်းပြချက်မှမရှိပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး စစ်ကြောရေးတွင်အသက်သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ခံရသူများ၊ဆန္ဒပြပွဲများတွင် ပစ်ခတ်ခံရသူများ၊တိုက်ပွဲများတွင်ကျဆုံးသွားသူများအားလုံး စုစုပေါင်း ၅၄ဦးထိရှိသည်ဟု ဆိုသည်။

(ကိုဇင်ကိုထက်တို့ သူငယ်ချင်းသုံးဦး မတရားဖမ်းဆီးရိုက်နှက်ခံ​နေရစဥ်)

လူနည်းစုအစ္စလာမ်ဘာသာဝင်များအား အ​ကြောင်းမဲ့သတ်ဖြတ်​နေဟုဆို

ပြည်သူများအား ရည်ရွယ်ချက်ရှိရှိအကြောင်းမဲ့သတ်ဖြတ်မှုများနှင့် သာသနိကအဆောက်အဦးများကိုဖျက်ဆီးနေမှုများအား မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ(MMMCC)အနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ရက်က “လူနည်းစုအစ္စလာမ်ဘာသာဝင်များအား အကြောင်းမဲ့သတ်ဖြတ်မှုအပေါ် သဘောထားထုတ်ပြန်ချက်”တွင် အထက်ပါအကြောင်းအရာ ပါရှိသည်။

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် တာဆုံရဲကင်းအား နိုဝင်ဘာ ၁၅ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သာမန်ခရီးသွားပြည်သူတစ်ဦးဖြစ်သော အစ္စလာမ်ဘာသာဝင် ကိုဇင်ကိုထက်နှင့် သူငယ်ချင်းများကို ထန်းတပင်ပစ်ခတ်မှုတွင်ပါဝင်သူများဟု အာဏာသိမ်းစစ်ကောင်စီမှ စွပ်စွဲကာ အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ကိုဇင်ကိုထက်၏ ဝဲဘက် လက်၊ ရင်ဘတ်၊ ပေါင်တို့ကို သေနတ်ဖြင့်ပစ်ပြီး သတ်ဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက်တွင် မင်္ဂလာဒုံကုတင် ၁၀၀၀ စစ်ဆေးရုံတွင် ရုပ်အလောင်းကို ထုတ်ယူခဲ့ရကြောင်း MMMCC ကဆိုသည်။

နိုဝင်ဘာ၁၇ ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်သတင်းမီဒီယာတစ်ခုဖြစ်သည့် မြဝတီမှထန်းတပင်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွင်ထန်းတပင်တာဆုံရဲကင်းအား ပစ်ခတ်သူများအသုံးပြုခဲ့သည့်ကားကို CRVအမျိုးအစားအဖြူရောင်ဟု ရုပ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ကိုဇင်ကိုထက်တို့ဖြစ်စဉ်မှာ ကွဲလွဲနေသည်ကိုတွေ့ရှိရကြောင်း MMMCC က ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ကိုဇင်ကိုထက်အား ရာဇတ်ဝတ်မှုကျူးလွန်သည်ဆိုကာ အကြောင်းမဲ့ပစ်သတ်ခဲ့သည်မှာပေါ်လွင်ထင်ရှားနေပြီး နိုဝင်ဘာ ၁၈ရက် ည အချိန်တွင် တမူးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်ခြံဝန်းထိ ကျုးကျော်ဝင်ရောက်ကာ စိတ်ဝေဒနာရှင်လူငယ် ကိုဟဆန်အား သေနတ်ဖြင့်ခြောက် ချက်တိတိမသေမချင်းရက်စက်စွာပစ်သတ်သွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ထော်ပြသည်။

အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းပြီးသည့်အချိန်မှစတင်ပြီး အစ္စလာမ်ဘာသာဝင် ၁၄ဦးအား ထိုကဲ့သို့မည်သည့်အကြောင်းပြချက်မှမရှိပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး စစ်ကြောရေးတွင်အသက်သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ခံရသူများ၊ဆန္ဒပြပွဲများတွင် ပစ်ခတ်ခံရသူများ၊တိုက်ပွဲများတွင်ကျဆုံးသွားသူများအားလုံး စုစုပေါင်း ၅၄ဦးထိရှိသည်ဟု ဆိုသည်။

အဆိုပါအရေအတွက်သည် နွေဦးတော်လှန်ရေးကာလမြန်မာတစ်နိုင်ငံလုံးစုစုပေါင်းကျဆုံးသူများ၏ ၄ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း MMMCCက အသိပေးသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖော်ဆောင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီ စစ်ရာဇဝတ်မှုကျူးလွန်နေသောစစ်ကောင်စီအား ပြစ်ဒဏ်ချမှတ်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု (MMMCC) က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။