Connect with us

Hi, what are you looking for?

News

ပြီးခဲ့သည့် ​အောက်တိုဘာတွင် နိုင်ငံခြားရင်းနှီးမြှပ်မှု ကန်​ဒေါ်လာ ၁၅သန်းဖိုးသာရှိ

“ဒီကာလမှ ဘယ်လိုလုပ်ငန်းမျိုးမှ လုပ်ငန်းအသစ် ထပ်ဝင်တာ မလုပ်နိုင်ဘူး။ ဖြစ်နိုင်တာ အရင်အာဏာမသိမ်းခင်က တင်ပြထားတဲ့လုပ်ငန်းတွေကို သူတို့ဖာသာခွင့်ပြုပြီး စာရင်းတွေတင်နိုင်တာဖြစ်မယ်”ဟု ရင်းနှီးမြှပ်နှံမူဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းထားသည့် ပြီးခဲ့သည့် အောက်တိုဘာတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကန်ဒေါ်လာ ၁၅ သန်းဖိုးခန့်ဝင်ရောက်ခဲ့သည်ဟု အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် ရင်းနှီးမြှပ်နှံမှုကော်မရှင်က ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။

ထိုပမာဏသည် NLDအစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကန်ဒေါ်လာ ၁၁၈သန်းခန့်နှင့် နှိုင်းယှဉ်ပါက ရှစ်ဆကျော်လျော့နည်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ ရင်းနှီးမြှပ်နှံမှုကော်မရှင် ထုတ်ပြန်ရာတွင် အောက်တိုဘာတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လေးခုဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ကုန်ထုတ်လုပ်မူလုပ်ငန်း သုံးခုနှင့် စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာစီမံကိန်း တစ်ခု အပါအဝင် စုစုပေါင်းလေးခုဖြစ်သည်။

ကာလတူဖြစ်သည့် အရပ်သားအစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၇ ခုဝင်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအတူအကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မလုယူထားသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုးဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ထိုပမာဏသည့် အမှန်တကယ်ဝင်ရောက်ခဲ့သော လုပ်ငန်းများမရှိဘဲ ယခင်လုပ်ငန်းများကို ပြန်လည်ထည့်သွင်းထားခြင်းဖြစ်နိုင်သည်ဟု လုပ်ငန်းရှင်တချို့က ပြောသည်။

“ဒီကာလမှ ဘယ်လိုလုပ်ငန်းမျိုးမှ လုပ်ငန်းအသစ် ထပ်ဝင်တာ မလုပ်နိုင်ဘူး။ ဖြစ်နိုင်တာ အရင်အာဏာမသိမ်းခင်က တင်ပြထားတဲ့လုပ်ငန်းတွေကို သူတို့ဖာသာခွင့်ပြုပြီး စာရင်းတွေတင်နိုင်တာဖြစ်မယ်”ဟု ရင်းနှီးမြှပ်နှံမူဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးကပြောသည်။

အမှန်တကယ်လုပ်ကိုင်မည့် လုပ်ငန်းများမဖြစ်နိုင်ကြောင်း၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ၄ ဘီလီယံမှ ၆ဘီလီယံကြားဝင်ရောက်နေခြင်းဖြစ်သည်။ သို့သော်လည်း စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တရှိန်ထိုးကျဆင်းလာခြင်းဖြစ်သည်။

(ယ​နေ့တွင် မန္တ​လေးမြို့၌ စစ်အာဏာရှင်ဖြုတ်ချ​ရေး LGBTသပိတ်စစ်​ကြောင်း ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ – GSCB)

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မြို့ပြနှင့် ပြည်နယ်များ၌ တော်လှန်ရေးဘက်တော်သားများ၏ စစ်ရေးဖိအားဒဏ်ကို စစ်ကောင်စီတပ် ရင်ဆိုင်နေရသည်ဟု ပြောသည်။

သတင်း

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် သြဂုတ်လ၂၃ရက်နေ့ညက လေကြောင်းတိုက်ခိုက်ပြီးနောက် ကျွန်းလှမြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်။

သတင်း

"အမေ့ကို ရာသီဥတုအပူဒဏ်က ကာကွယ်ပေးခဲ့တဲ့ဒီယပ်တောင်လေးဟာ အခုအချိန်မှာ ပြည်လုံးကျွတ် ခံစားနေရတဲ့ သောကအပူမီးတွေကို ငြိမ်းအေးစေဖို့ အကောင်းဆုံးအထောက်အပံ့ ဖြစ်စေမှာ သေချာပါတယ်"ဟု ဖော် ပြသည်။