Connect with us

Hi, what are you looking for?

News

ဒေါက်တာဇော်မြင့်မောင်ကို မဲမသမာမှုလုပ်တယ်ဆိုကာ အမှု ၂ ခု စစ်ကောင်စီထပ်တိုး

ဒေါက်တာဇော်မြင့်မောင်ဟာ အမရပူူရနဲ့ အောင်မြေသာစံမြို့နယ်တွေ က မဲရုံတွေမှာ မဲမသမာမှုလုပ်တယ်ဆိုကာ တရားစွဲတာလို့ စုံစမ်းသိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဟာ မဲမသမာမှုလုပ်တယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပြီး ရွေးကောက်ပွဲဆိုင်ရာရာဇသတ်ကြီးပုဒ်မ ၂ ခုနဲ့ အမှုထပ်တိုးဖွင့်လိုက်ပါတယ်။

အဲဒီပုဒ်မတွေကတော့ ရာဇသတ်ကြီးပုဒ်မ ၁၇၁ နဲ့ ပုဒ်မ ၁၃၀ (က) တို့ပဲဖြစ်ပါတယ်။

ဒီပုဒ်မတွေဟာ ရွေးကောက်ပွဲမှာ မသမာမှု လုပ်တာတွေနဲ့သက်ဆိုင်တဲ့ပုဒ်မတွေဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အမရပူူရနဲ့ အောင်မြေသာစံမြို့နယ်တွေ က မဲရုံတွေမှာ မဲမသမာမှုလုပ်တယ်ဆိုကာ တရားစွဲတာလို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီပုဒ်မ ၂ ခုအတွက် ရုံးချိန်းကိုတော့ ဒီဇင်ဘာလ ၁ ရက်ကို ချိန်းဆိုထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၁၇၁ ဟာထောင်ဒဏ် ၂ နှစ်ထိ ချလို့ရပြီး ပုဒ်မ ၁၃၀ (က)ကတော့ ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ပုဒ်မတွေပဲဖြစ်ပါတယ်။

လက်ရှိမှာလည်းဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ ဆူပူအောင်လှုံဆော်မှု ၊ ကိုဗစ်စည်းကမ်းချိုးဖောက် ၊အဂတိမှုတွေနဲ့ ပုဒ်မတွေ တပ်ကာတရားစွဲဆိုပြီး မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီထားတာပါ။

လက်ရှိမှာတော့ ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ ရှေ့နေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။