Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်အတွင်း ​ရှေ့တန်းထွက်​နေ​သော အရာရှိ၊ တပ်သားများ၏ ဇနီးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဥ်များ ပေါ်​ပေါက်​နေ

တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိနှင့် စစ်သည်များအနေဖြင့် တပ်တွင်း၊တပ်ပြင်စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက် ပြားစေသည့် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူမှုရေး ဖောက်ပြန်မှုများ တွေ့ရှိခဲ့ရသည့်အတွက် မဖြစ်ပွားရေး စည်းကမ်းတကျ ထိန်းသိမ်းကြပ်မတ်ရန် အဆိုပါစာတွင် ညွှန်ကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်အပါ အဝင် အရာခံဗိုလ်များနှင့် စစ်ဆင်ရေးထွက်နေသည့် တပ်သား၏ဇနီးမယားများကို အဓမ္မပြုကျင့်ခြင်းနှင့် ကြံစည်မှုများပြုလုပ်သဖြင့် အရေးယူခဲ့ရသည့် တပ်တွင်းလျှို့ဝှက်စာများ ထွက်ပေါ်လာသည်။

တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိနှင့် စစ်သည်များအနေဖြင့် တပ်တွင်း၊တပ်ပြင်စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက် ပြားစေသည့် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူမှုရေး ဖောက်ပြန်မှုများ တွေ့ရှိခဲ့ရသည့်အတွက် မဖြစ်ပွားရေး စည်းကမ်းတကျ ထိန်းသိမ်းကြပ်မတ်ရန် အဆိုပါစာတွင် ညွှန်ကြားထားသည်။

လျှို့ဝှက်စာတွင် အခင်းဖြစ်စဥ် ငါးခုပါရှိပြီးအာဏာသိမ်းပြီး​နောက်ယခုနှစ် ဇွန်လမှစ၍ အောက်တိုဘာအတွင်း စစ်ကောင်စီတပ်တွင်း ဖောက်ပြန်မှုများ ဖြစ်သည်။

အမှတ် (၁၄၂) ခြေလျင်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ် ကြည်း (၄၅၄၁၀) ဗိုလ်မှူးတင်ကိုထက်သည် ဌာနချုပ်၏ တပ်ခွဲမှူးတာဝန်ထမ်းဆောင်စဥ် တစ်တပ်တည်း​​​နေ ဒုတပ်ကြပ်သံချောင်း၏ ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင်ကို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှ ချစ်ကြိုက်ကြောင်းအပြန်အလှန်​ပြော ခြင်း၊ဗီဒီယို ကောအပြန်အလှန်ခေါ်ခြင်းနှင့် နေအိမ်လိုင်းခန်းအား အဝင်၊ အထွက် ပြုလုပ်ခဲ့သည့်အတွက် စစ်စည်းကမ်းအရ အရေးယူခဲ့သည်ဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

အလားတူ ခြေလျင်တပ်ရင်း အမှတ်(၁၂၁)မှ ကိုယ်ပိုင်အမှတ် (၂၉၂၁၂) ဒုတိယ အရာခံဗိုလ်ထွန်းအောင်ကျော်သည် တစ်တပ်တည်းနေသည့် စစ်ဆင်ရေးတာဝန်ထွက်နေသော တပ်သားဇင်ကိုရှိုင်း၏ ဇနီးရွှေဇင်ထွန်း နှင့်အတူ နှစ်ဦးသ​ဘောတူနှစ်ကြိမ် ကာမစက်ယှက်မှုပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါလျှို့ဝှက်စာတွင် ပါရှိသည်။

ထို့အပြင် အမှတ် (၄၃၇)ခြေလျင်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ (၂၅၇၅၈၃) တပ်ကြပ် ဇာနည်အောင်သည် အနံ့ ပျောက်သည်ဟုဆိုကာ အရက်သောက်၍ တစ်တ​ပ်တည်းနေ စစ်ဆင်ရေး ထွက်နေသော ဒုတပ်ကြပ်သန်းထိုက်၏ နေအိမ်သို့သွားရောက်ကာ ၎င်း၏ ဇနီးဒေါ်သဲသဇင်ထွန်းနှင့် ကာမစပ်ယှက်ရန် သွားရောက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ရဲဘော်၊ရဲဘက်စိတ်ကင်းမဲ့ခြင်းနှင့် ညီရင်းအကို စိတ် ဓာတ်ကင်းမဲ့သောကြောင့် အရေးယူမှုများပြုလုပ်ကာ အရာရှိ၊စစ်သည်များ၏ သွားလာနေထိုင်မှုကို သုံးသပ်၍ မဖြစ်ပွားမီကြိုတင်ကာကွယ်ရန်လည်း လျှိုဝှက်စာတွင် ညွှန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook