Connect with us

Hi, what are you looking for?

News

ယုန်ဖြူသုဿာန်တွင် အကြမ်းဖက်စစ်တပ် ဗိုလ်အဆင့်ရှိသူတစ်ဦးကို မီးသင်္ဂြိုလ်ပြီး တပ်သားလေးဦးကို သရဏဂုံတင်

“သူတို့(စစ်ကောင်စီ)နဲ့ နီးစပ်သူတွေပြောတာတော့ မီးသဂြိုလ်တာ၂ ပွင့်နဲ့ ဗိုလ် ဇော်ဇော်လတ်ပါတယ်။ပြီးတော့ မသေမရှင် တပ်သားလေးယောက်ကိုပါ သယ်လာပြီး သရဏဂုံ တင်ပေးတာ”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

People's Spring
People's Spring

စစ်ကိုင်းမြို့ ယုန်ဖြူသုဿာန်တွင် အကြမ်းဖက်စစ်ကောင်စီက ဗိုလ်အဆင့်ရှိသူတစ်ဦးကို မီးသင်္ဂြိုလ်ခဲ့ပြီး တပ်သားလေးဦးကို သရဏဂုံတင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကားငါးစီးဖြင့် နိုဝင်ဘာ ၂၆ ရက် နေ့လည် ၁နာရီခန့်က ယုန်ဖြူသုဿာန် သို့ ဝင်ရောက်ခဲ့ကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“သူတို့(စစ်ကောင်စီ)နဲ့ နီးစပ်သူတွေပြောတာတော့ မီးသဂြိုလ်တာ၂ ပွင့်နဲ့ ဗိုလ် ဇော်ဇော်လတ်ပါတယ်။ပြီးတော့ မသေမရှင် တပ်သားလေးယောက်ကိုပါ သယ်လာပြီး သရဏဂုံ တင်ပေးတာ”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

အထက်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးမှုသည် မြောင်မြို့နယ်တွင် တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“ယုန်ဖြူသုဿာန်မှာ သဂြိုလ်တယ်ဆိုကတည်းက အရာရှိပါလို့။ ပြီးတော့ တိုက်ပွဲအနီးစပ်ဆုံးက မြောင်မြို့နယ်မှာသူတို့ မိုင်းဆွဲခံရတာရှိတယ်။နောက် မြင်းမူ မှာသူတို့ တိုက်ခိုက်ခံရတာရှိတယ်။ဒါပေမယ့် မြင်းမူကိစ္စမှာ စစ်တပ်က သုံးယောက် အပြင်းအထန်ဒဏ်ရာရတယ်ပဲ အတွင်းသတင်းအရ သိရတယ်။မြောင်ဖြစ်စဥ်မှာ သေတာ များတယ်”ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောင်မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက် နေ့လည် ၂နာရီ ၅၀မိနစ် ဝန်ကျင်ခန့်က နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကနဦးတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ထုတ်ပြန်ထားသည်။

ထို့နောက် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်တပ်ကို တပ်ကူပေးရန် လာရောက်သော စစ်ကောင်စီကားနှစ်စီးကို ညနေ ၅ နာရီ ခွဲခန့်ကထပ်မံ မိုင်းခွဲတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိသည်ဟု CDSOM ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၃၇၁) အမြောက်တပ်က တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ Yaw Revolution Army(YRA ထီးလင်း)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က စစ်ကောင်စီရဲ့ ခလရ(၂၈၀) တပ်ရင်းက တပ်သား ၄ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ထံ အလင်းဝင်လာပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် ကောက်ခံမယ့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအများစုဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အာဏာစိုးမိုးသက်ရောက်တဲ့ ဒေသလည်းဖြစ်ပါတယ်။