Connect with us

Hi, what are you looking for?

LuduNwayOo

News

ယုန်ဖြူသုဿာန်တွင် အကြမ်းဖက်စစ်တပ် ဗိုလ်အဆင့်ရှိသူတစ်ဦးကို မီးသင်္ဂြိုလ်ပြီး တပ်သားလေးဦးကို သရဏဂုံတင်

“သူတို့(စစ်ကောင်စီ)နဲ့ နီးစပ်သူတွေပြောတာတော့ မီးသဂြိုလ်တာ၂ ပွင့်နဲ့ ဗိုလ် ဇော်ဇော်လတ်ပါတယ်။ပြီးတော့ မသေမရှင် တပ်သားလေးယောက်ကိုပါ သယ်လာပြီး သရဏဂုံ တင်ပေးတာ”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

People's Spring
People's Spring

စစ်ကိုင်းမြို့ ယုန်ဖြူသုဿာန်တွင် အကြမ်းဖက်စစ်ကောင်စီက ဗိုလ်အဆင့်ရှိသူတစ်ဦးကို မီးသင်္ဂြိုလ်ခဲ့ပြီး တပ်သားလေးဦးကို သရဏဂုံတင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကားငါးစီးဖြင့် နိုဝင်ဘာ ၂၆ ရက် နေ့လည် ၁နာရီခန့်က ယုန်ဖြူသုဿာန် သို့ ဝင်ရောက်ခဲ့ကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“သူတို့(စစ်ကောင်စီ)နဲ့ နီးစပ်သူတွေပြောတာတော့ မီးသဂြိုလ်တာ၂ ပွင့်နဲ့ ဗိုလ် ဇော်ဇော်လတ်ပါတယ်။ပြီးတော့ မသေမရှင် တပ်သားလေးယောက်ကိုပါ သယ်လာပြီး သရဏဂုံ တင်ပေးတာ”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

အထက်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးမှုသည် မြောင်မြို့နယ်တွင် တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“ယုန်ဖြူသုဿာန်မှာ သဂြိုလ်တယ်ဆိုကတည်းက အရာရှိပါလို့။ ပြီးတော့ တိုက်ပွဲအနီးစပ်ဆုံးက မြောင်မြို့နယ်မှာသူတို့ မိုင်းဆွဲခံရတာရှိတယ်။နောက် မြင်းမူ မှာသူတို့ တိုက်ခိုက်ခံရတာရှိတယ်။ဒါပေမယ့် မြင်းမူကိစ္စမှာ စစ်တပ်က သုံးယောက် အပြင်းအထန်ဒဏ်ရာရတယ်ပဲ အတွင်းသတင်းအရ သိရတယ်။မြောင်ဖြစ်စဥ်မှာ သေတာ များတယ်”ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောင်မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက် နေ့လည် ၂နာရီ ၅၀မိနစ် ဝန်ကျင်ခန့်က နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကနဦးတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ထုတ်ပြန်ထားသည်။

ထို့နောက် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်တပ်ကို တပ်ကူပေးရန် လာရောက်သော စစ်ကောင်စီကားနှစ်စီးကို ညနေ ၅ နာရီ ခွဲခန့်ကထပ်မံ မိုင်းခွဲတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိသည်ဟု CDSOM ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

သတင်း

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ လမ်းခွဲ၌ နေရာယူထားသော တအောင်းတပ်မတော် (TNLA)၊ မန္တလေး PDFတို့ ရှိရာနေရာအား စစ်ကောင်စီတပ်က ယမန်နေ့ ညနေ ၅နာရီခွဲခန့်တွင် ရင်ဆိုင်တိုးလာ၍ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ညီနောင်သုံးဖွဲ့ထံ ရောက်ရှိလာသူများအား အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။