စက်တင်ဘာ-၃၀၊ ၂၀၂၅/People’s Spring
တနင်္သာရီမြို့နယ်က စစ်ကောင်စီရဲ့ ခလရ(၂၈၀) တပ်ရင်းက တပ်သား ၄ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ထံ အလင်းဝင်လာပါတယ်။
ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ ခလရ(၂၈၀) တပ်ရင်းက တပ်သား ၄ဦး အလင်းဝင်လာတာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၄ဦးဟာ အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ခိုင်းခဲ့ပြီးနောက် ရှေ့တန်းသိန်းခွန်းဘက်သို့အပို့ခံခဲ့ရချိန်မှာ ထွက်ပြေးလာခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement


















































