Connect with us

Hi, what are you looking for?

News

တရုတ်ကလေးလ​ကျော်ပိတ်ထား​သောကျင်စန်း​ကျော့ဂိတ်ပြန်ဖွင့်၊ ကွန်တိန်နာစနစ်သစ်​ကြောင့်ကုန်သည်များအခက်​တွေ့

ကပ်ရောဂါကြောင့် ဇူလိုင် ၈ ရက်က ပိတ်ထားသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ဂိတ် ၅ခုအနက် ကျင်စန်း​ကျော့ဂိတ်ကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ့အစမ်းဖွင့်လှစ်ပြီး ၊၂၆ ရက် ညနေပိုင်းမှ စ၍ တရုတ်နိုင်ငံဘက်ကတရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

COVID-19ကြောင့်​လေးလ​ကျော်ပိတ်ထားသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကျင်စန်းကျော့ဂိတ်ကို တရုတ်နိုင်ငံက ဖွင့်လှစ်ပေးပြီးနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်လည်စတင်ပြီဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ထုတ်ပြန်သည်။

ကပ်ရောဂါကြောင့် ဇူလိုင် ၈ ရက်က ပိတ်ထားသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ဂိတ် ၅ခုအနက် ကျင်စန်း​ကျော့ဂိတ်ကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ့အစမ်းဖွင့်လှစ်ပြီး ၊၂၆ ရက် ညနေပိုင်းမှ စ၍ တရုတ်နိုင်ငံဘက်ကတရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်သံရုံးက တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ်(ကျင်စန်းကျော့ဂိတ်) မံမန်လမ်းကြောင်းကိုက ပို့ကုန်သွင်းကုန်ပစ္စည်းများ တရားဝင်ပြန်လည်ဖြတ်နိုင်ပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်လည်စတင်ခြင်းဟုဆိုသည်၊
ထို့အပြင်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံး ပုံမှန်ပြန်ဖြစ်လာရန် ဆောင်ရွက်နေသည်ဟုလည်းထုတ်ပြန်ချက်ကဆိုသည်။

ကျင်စန်း​ကျော့ဂိတ်ပြန်ဖွင့်​သော်လည်း ကိုဗစ်​ရောဂါအ​ကြောင်းပြချက်ဖြင့် လူချင်းအထိ့အ​တွေ့နည်း​အောင်ဆိုကာ ကုန်စည်များကို ကွန်တိန်နာဖြင့်သာ ပို့​ဆောင်ပြီး ကရိန်းဖြင်မ ရမည်ဟုတရုတ်ကသတ်မှတ်လိုက်သည်။ထိုသတ်မှတ်ချက်အသစ်​ကြောင့် မြန်မာကုန်သည်များအတွက် ကုန်ကျစာရိတ် နှစ်ဆခန့်ပိုများလာ​စေသဖြင့် အခက်​တွေ့​နေ​ကြောင်း ကုန်သည်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ကွန်တိန်နာ ဌါးခ ၊ ကရိန်း တင်၊ချခ ၊ပိုးသတ် ရှန်တိန် ဆေးစစ်ခ စသဖြင့်စာရိတ်များစွာတက်လာသဖြင့် ကုန်စည်များ​ဈေးတက်လာနိုင်သည်ဟုကုန်သည်အချို့ကဆိုသည်။ထိုအပြင် ကွန်တိန်နာငှားရာတွင် တချို့ ကုန်သည်များမှာ ငှားခအပြင် ကွန်တိန်တာစ​ဘော်ပါ​​အတောင်း​ခံနေရသဖြင့် အခက်အခဲဖြစ်​နေသည်ဟု ကုန်သည်တစ်ဦးက​ပြောသည်။ နယ်စပ်ကုန်သွယ်​ရေးပိတ်ထားစဥ်တရုတ်ဘက်ခြမ်းတွင်ပိတ်မိ​နေ​သောကုန်ကားများမှာကန့်သတ်ချက်အသစ်​ကြောင့်ထွက်လာမရ​သေးဘဲ ကွန်တိန်နာကား​ပေါ် ကုန်စည်များ​ပြောင်းတင်ပြီးမှ ပြန်သွင်းလာရမည့်အ​ခြေအ​နေဖြစ်ပြီးစစိတ်များစွာပိုကုန်နိုင်သလို ယာဥ်အ​ရွေ့အ​ပြောင်း​ကြောင့်ကုန်စည်များပျက်စီးနိုင်​ကြောင်းလည်းကုန်သည်အချို့က​ပြောသည်။

ထိုအပြင် နိုဝင်ဘာ ၂၆ ညနေပိုင်းတွင်လည်း ချင်းရွှေဟော်မြို့ရှိ တရုတ်-မြန်မာနယ်ဂိတ်တခုဖြစ်သည့် မိန်းတမ်ဂိတ်ပေါက်ကို တရုတ်က ဖွင့်လှစ်ပေးခဲ့သည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတွင် မူဆယ်သည် အကြီးဆုံးကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မူ ဒေါ်လာ ၅ ဘီလီယံရှိပြီး ချင်းရွှေဟော်ဘက်တွင်ဒေါ်လာ သန်း ၅၄၀ကျော်ရှိခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ပစ္စည်းနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပို့ဆောင်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လူသုံးကုန်၊ စက်မူနှင့်ဆောက်လုပ်ရေး ပစ္စည်းများ ၊ ဆေးဝါးများတင်ပို့နေခြင်းဖြစ်သည်။

(ဓါတ်ပုံ- တရုတ်နိုင်ငံသို့ ကွန်တိန်နာဖြင့် တင်ပို့​​နေစဥ်နှင့် ကွန်တိန်နာအသုံးပြုရမည့်သတ်မှတ်ချက်​ကြောင့်ကုန်ကျနိုင်​သောစာရိတ်များကိုတွက်ချက်ထားမှု)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။