Connect with us

Hi, what are you looking for?

News

NUG ခေါင်းဆောင်များနှင့် CDM ပြည်သူ့စစ်သား၊ ပြည်သူ့ ရဲများတွေ့ဆုံ

အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ရင်ခွင့်ခိုလှုံလာသူများကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲကာ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန် ဆက် လက်ကြိုးပမ်း ဆောင်ရွက်နေကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

-စစ်သားများကို ပြည်သူမုန်းရခြင်း၏ အဓိက တရားခံမှာ ခေတ်အဆက်ဆက် အာဏာရှင်များဖြစ်ဟု ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလဦးအောင်သည့် အစိုးရအဖွဲ့နှင့် ပြည်သူ့ရင်ခွင့်ခိုလှုံကြသည့် CDM ပြည်သူ့စစ်သား၊ ပြည်သူ့ရဲများ ယနေ့ အွန်လိုင်းမှ တွေ့ဆုံခဲ့သည်။

ပြည်သူ့အစိုးရနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသူများတွေ့ဆုံပွဲကို နိုဝင်ဘာ ၂၉ရက်တွင် ပြုလုပ်ရာယာယီ သမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ပြည်သူ့ ရင်ခွင်ခိုလှုံ ရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီအတွင်း ရေးမှူးများ၊ ကော်မတီဝင်များ၊ CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ၊ People’s Embrace ပြည်သူ့ရင်ခွင်အဖွဲ့၊ People’s Soldier ပြည်သူ့စစ်သားအဖွဲ့နှင့် မြန်မာနိုင်ငံအနှံ့မှ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် ယာယီသမ္မတက တိုင်းပြည်ချစ်စစ်သားများကို ပြည်သူများက ယခုကဲ့သို့ အမုန်းကြီးစေရန် လုပ်ခဲ့သည့် အဓိက တရားခံမှာ ခေတ်အဆက်ဆက် အာဏာရှင်များ၊ အာဏာသိမ်း မင်းအောင်လှိုင်နှင့် အပေါင်းအပါ စစ်အုပ်စုများ ဖြစ်ကြောင်း၊ သို့ရာတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနှင့် အတူ ရပ်တည်လာကြသည့် ပြည်သူ့စစ်သားများနှင့် ပြည်သူ့ရဲများကို အထူးလေးစား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ရင်ခွင့်ခိုလှုံလာသူများကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲကာ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန် ဆက် လက်ကြိုးပမ်း ဆောင်ရွက်နေကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ဦးဆောင်သည့် ပြည်သူ့ရင်ခွင်အစီအစဉ်အကောင် အထည်ဖော်ရေး ကော်မတီ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံ၌ ပြည်သူ့ အာဏာကို ပြန်လည်ရယူပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၌ သွေးမြေကျမှု အနည်းဆုံးဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖြစ်သည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်ဟု ဆိုသည်။

တပ်မတော်သားများနှင့် ရဲများပြည်သူ့ရင်ခွင်ခိုလှုံ လာသူ များလေလေ သွေးထွက်သံယိုမှုနည်းပြီး ပြည်တွင်းစစ်ကို တိုတောင်းစေမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး ကြောက်ရွံ့မှုကင်းသည့် လူ့အဖွဲ့ အစည်းတရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ပြည်သူများလိုလားသည့် ငြိမ်းချမ်းပြီး အကြောက်တရားကင်းသော လူ့အဖွဲ့အစည်းတရပ် ထူထောင်နိုင် ရန် အာဏာရူးများ၏ အဓိကထောက်တိုင်ဖြစ်သော တပ်မတော်သားများနှင့် ရဲများ ပြည်သူ့ရင်ခွင်သို့ အလုံးအရင်းခိုလှုံလာရေး အခက်အခဲ စိန်ခေါ်မှုတွေကို သည်းခံ ကျော်လွှားပြီး ဆက်လက်လက်တွဲဆောင်ရွက်ပေးကြရန် ယာယီသမ္မတက တိုက်တွန်းမေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တပ်မတော်သားနှင့် ရဲအချို့က ပြည်သူ့ဘက်သို့ ကူးပြောင်းလာချင်သော်လည်း ပြောင်းလာရန် အခက် အခဲ ပိုဖြစ်နေသည်ဟု ကြားသိရကြောင်း၊ စစ် ကောင်စီဘက်ကလည်း ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို အင်မတန်ကြောက်ရွံ့ပြီး ဖျက်လိုဖျက်စီး လုပ်နေ၍ ပိုမို သတိကြီးစွာဖြင့် ဆောင်ရွက်နေရသည့် အခြေအနေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်သားများ၊ ရဲများ၏ ကောင်းမွန်သည့် အတွေ့အကြုံ၊ အတွေးအခေါ်များ၊ စွမ်းဆောင်ရည်များ ကို နွေဦးတော်လှန်ရေး၌ အပြည့်အ၀ ပေါင်းစပ်ကူညီ ပေးနိုင်ရန် လိုလား၍ ပြည်သူ့ဘက်တော်သား တပ်/ရဲ CDM တို့၏ ပညာ၊အတွေ့အကြုံများကို ပြည်သူ့တော်လှန်ရေးအတွက် အထောက်အကူပြုနိုင် စေရန် ရည်ရွယ်၍ လုပ်ငန်းအဖွဲ့တစ်ခုထပ်မံဖွဲ့စည်း ဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။