Connect with us

Hi, what are you looking for?

News

မဲမသမာမှုလုပ်တယ်ဆိုပြီး ရွေးကော်ဥက္ကဋ္ဌ အပါအဝင် ၃ ဦးကိုနေပြည်တော်အချုပ်ထောင်ပို့

ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်တယ်ဆိုပြီး သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ ဦးကို စစ်ကောင်စီက တရားစွဲတာပါ။

ရွေးကောက်ပွဲ မှာ မဲမသမှုလုပ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို ထိန်းသိမ်းထားရာနေရာကနေ နေပြည်တော်က အချုပ်ထောင်ကိုပို့လိုက်တယ်လို့သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို နေပြည်တော်အချုပ်ထောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကပို့လိုက်တာလို့သိရပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်တယ်ဆိုပြီး သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ ဦးကို စစ်ကောင်စီက တရားစွဲတာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာအငြင်းပွားမှုအချို့ရှိခဲ့ပေမယ့် လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကိုထင်ဟပ်စေခဲ့တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

မီးလောင်မှုကြာချိန်ကို မီးသတ်လိမ်လည်ထုတ်ပြန်

သတင်း

နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲအကြိုအပို့လုပ်တဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာယာဥ် မီးလောင်လို့ ဝန်ထမ်းတွေ ဆင်းပြေးခဲ့ရပါတယ်။

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

Facebook