Connect with us

Hi, what are you looking for?

News

လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုဒီဇင်ဘာ ၃ရက်မှစ၍ရက်အကန့်မရှိပိတ်မည်ဟုKNDF​ကြေညာ

ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်အား ယနေ့ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေးအတွက်ဒီဇင်ဘာလ(၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က(KNDF) ကြေညာချက်ထုတ်ပြန်သည်။

ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်အား ယနေ့ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသော ဒီးမော့ဆိုမြို့နယ်မှ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ တပ်ချိန်းပြောင်းမှုများပြုလုပ်ရာတွင်သော်လည်းကောင်း၊တပ်အင်အား ဖြည့်တင်းခြင်းနှင့် ရိက္ခာများပို့ဆောင်ရာတွင်လည်းကောင်း၊ လွိုင်ကော်- ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အသုံးပြုလျက်ရှိကြောင်း၊ ထို့အပြင် ဒီး‌မော့ဆိုအရှေ့ဘက်ခြမ်း ကျေးရွာများသို့ ကင်းထောက်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများကို အထက်ပါလမ်းကြောင်း ကိုအသုံးပြု၍ ဆောင်ရွက်လျက် ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

သို့ဖြင့်ပါ၍ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်များကို ချိတ်ဆက်ထားသော လမ်းပိုင်းဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေး အတွက် ဒီဇင်ဘာလ (၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိဘပြည်သူများအနေဖြင့် လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းသို့ ခရီးသွားလာခြင်း မပြုလုပ်ရန် အသိပေးမေတ္တာရပ်ခံကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ (၂၅) နှင့် (၂၆) ရက်နေ့တို့တွင် ၊ ရှားတောမြို့နယ် ပွန်ချောင်းအနီး၌ ကရင်နီတပ်မတော် (KA)နှင့် KNDF တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် နှစ်ရက်တွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း KNDFကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။