Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုဒီဇင်ဘာ ၃ရက်မှစ၍ရက်အကန့်မရှိပိတ်မည်ဟုKNDF​ကြေညာ

ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်အား ယနေ့ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေးအတွက်ဒီဇင်ဘာလ(၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က(KNDF) ကြေညာချက်ထုတ်ပြန်သည်။

ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်အား ယနေ့ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားနေသော ဒီးမော့ဆိုမြို့နယ်မှ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ တပ်ချိန်းပြောင်းမှုများပြုလုပ်ရာတွင်သော်လည်းကောင်း၊တပ်အင်အား ဖြည့်တင်းခြင်းနှင့် ရိက္ခာများပို့ဆောင်ရာတွင်လည်းကောင်း၊ လွိုင်ကော်- ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အသုံးပြုလျက်ရှိကြောင်း၊ ထို့အပြင် ဒီး‌မော့ဆိုအရှေ့ဘက်ခြမ်း ကျေးရွာများသို့ ကင်းထောက်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများကို အထက်ပါလမ်းကြောင်း ကိုအသုံးပြု၍ ဆောင်ရွက်လျက် ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

သို့ဖြင့်ပါ၍ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်များကို ချိတ်ဆက်ထားသော လမ်းပိုင်းဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အများပြည်သူလုံခြုံရေး အတွက် ဒီဇင်ဘာလ (၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိဘပြည်သူများအနေဖြင့် လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းသို့ ခရီးသွားလာခြင်း မပြုလုပ်ရန် အသိပေးမေတ္တာရပ်ခံကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ (၂၅) နှင့် (၂၆) ရက်နေ့တို့တွင် ၊ ရှားတောမြို့နယ် ပွန်ချောင်းအနီး၌ ကရင်နီတပ်မတော် (KA)နှင့် KNDF တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် နှစ်ရက်တွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း KNDFကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။