Connect with us

Hi, what are you looking for?

News

မဟာအောင်မြေမြို့နယ်မှ စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦးကို ရှင်းလင်းခဲ့ဟု GZP ထုတ်ပြန်

ဦးမျိုးမြင့်ဆိုသူသည် ရရှိထားသည့် သေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီ၏ သတင်းပေးဒလန်ဆိုသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ရှင်းလင်းခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့(GZP)က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂)နံနက် ၁၁ နာရီခန့်တွင် မဟာအောင် မြေမြို့နယ် သန်လျှက်မှော်အနောက် ဧသုခရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ဦးမျိုးမြင့်ဆိုသူ၏ ဦးခေါင်းအားသေနတ်ဖြင့် တစ်ချက်ပစ်သတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးမျိုးမြင့်ဆိုသူသည် ရရှိထားသည့် သေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

GZP ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေးအနေဖြင့် ပြည်သူလူထုအား ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့်မည်သူ့ကိုမဆို သက်ညှာသွားမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁)ရက်ကလည်း သတင်းပေးဒလန်ဟုဆိုသူ ဟေမမာလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်ဝင်း(ခ)ဦးကုလား သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။