Connect with us

Hi, what are you looking for?

News

ဆပ်ပြာကျင်းတိုက်ပွဲ၌ အရပ်သား၊ ပရဟိတနှင့် PDF ရဲဘော်များ ၃၀ဦးကျော် ကျဆုံးခဲ့မှု ၅လပြည့်ပြီ

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ ထိုးစစ်ဆင်မှုများ၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်း အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိပြီး ဒေသအချို့တွင် လေကြောင်းမှ တိုက်ခိုက်မှုများပင်လုပ်ဆောင်ခဲ့သည်။

လွန်ခဲ့သည့် ၅လက ဒီပဲယင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားများ၊ပရဟိတအဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော်များ ကျဆုံးခဲ့မှု ၅လပြည့် ဝမ်းနည်းအောက်မေ့ခြင်း ကြေညာချက်ကို ဒီပဲယင်း PDFက ထုတ်ပြန်သည်။

ဇူလိုင်၂ရက်က ဒီပဲယင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ဆပ်ပြာကျင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်၍ PDF ရဲဘော်များ၊ အရပ်သားများနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရန်ကြိုးစားသော လူမှုကူညီရေးပရဟိတသမားများအပါအဝင် ၃၂ ဦးခန့် ကျဆုံးခဲ့ဟု ဒီပဲယင်း PDFက ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲ၌ ဒီပဲယင်း PDFမှ ရဲဘော် ၈ဦးကျဆုံးခဲ့သည်။

“အို……….ကျဆုံးလေပြီသော သွေးသောက်ညီနောင်ရဲဘော်တို့၊ သင်တို့၏ အသက်သွေးများ ပေးဆပ်ခဲ့ ရသော လူထုလွတ်မြောက်ရေးတိုက်ပွဲကို ကျွန်ုပ်တို့က မြူတစ်မှုန်မျှ တွေဝေနောက်တွန့်ခြင်းမရှိပဲ ပြီးဆုံးသည်အထိ ဆက်လက်ထမ်းရွက်မည်။ ကျွန်ုပ်တို့သည် စစ်အာဏာရှင်နှင့် လက်ပါးစေစစ် ကျွန်သဘောက် များ ဤမြေပေါ်တွင် ခြေတစ်လှမ်းမှချ၍ မရတော့သည်အထိ အပြီးအပိုင်ချေမှုန်းကြမည်ဟု သင်တို့၏ အမည်နာမများကို တိုင်တည်၍ သစ္စာအဓိဌာန်ပြုသည်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဟု ဒီပဲယင်း PDF နိုင်ငံရေးနှင့် လူထုစည်းရုံးရေးဌာန၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ ထိုးစစ်ဆင်မှုများ၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်း အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိပြီး ဒေသအချို့တွင် လေကြောင်းမှ တိုက်ခိုက်မှုများပင်လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်တပ်အရာရှိအပါအဝင် သေဆုံးမှုရှိဟုဆို

Facebook