Connect with us

Hi, what are you looking for?

News

CNDF အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ NUG ကာကွယ်ရေးဝန်ကြီး သဝဏ်လွှာပို့

NDF၏ အထူးကွန်မန်ဒိုသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကို ဒီဇင်ဘာ ၃ရက်က ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ၏ အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့သည်။

CNDF၏ အထူးကွန်မန်ဒိုသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကို ဒီဇင်ဘာ ၃ရက်က ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ဝန်ကြီးဦးရည်မွန်က သဝဏ်လွှာပေးပို့ရာ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက် ပွဲဝင်ရန် ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်တို့အားလုံးကို ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – CNO

“ရင်းနှီးပေးဆပ်မှုမရှိဘဲ တော်လှန်ရေးသည် မရှိနိုင်။ ဤတော်လှန်ရေးအတွက် ဘဝ၊ အသက်နှင့်ခန္ဓာကို စွန့်လွှတ်ရန် စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်သည့်အားလျော်စွာ ဆင်းရဲပင်ပန်းမှုဒဏ်မှန်သမျှကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ငါတို့တော်လှန်ရေးရဲဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် လက်ကိုင်တုတ်များကြား အဓိကကွာခြားမှုမှာ “စိတ်ဓာတ်” ဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်းစစ်ကောင်စီ၏ လက်ကိုင်တုတ်များသည် ယုံကြည်ချက်မဲ့၊ ကျင့်ဝတ်မဲ့၊ စည်းကမ်းမဲ့၊ အသိညဏ်မဲ့၊ စိတ်ဓာတ် ဖရိုဖရဲဖြစ်လျက် တပ်မတော်ဟူသည့် အမည်နာမကိုပင် ခံယူရန် မထိုက်တန်သော၊ တပ်မတော်တစ်ရပ်၏ အရည်အချင်း ပျက်ယွင်းခဲ့ပြီဖြစ်သော လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအဖြစ် မြင်တွေ့နေရသည်” ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

ဓာတ်ပုံ – CNO

ထိုအခြေအနေတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ စိတ်ဓာတ်တံခွန်ကို အမြင့်ဆုံးအထိ ဆက်လက်လွှင့်ထူထားရန် လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။

“တော်လှန်‌ရေးတစ်ရပ်၏ အနိုင်အရှုံးကို လက်နက်က ဆုံးဖြတ်သည်မဟုတ်။ စိတ်ဓာတ်ကသာဆုံးဖြတ်ပေသည်။ ငါတို့၏ စိတ်ဓာတ်အင်အား သာလွန်မှု၊ဗျူဟာမှန်ကန်မှု၊ပြည်သူ၏ အားပေးထောက်ခံကူညီမှုဖြင့် စစ်ကောင်စီ၏ကျွန်ပြုအုပ်စိုးမှုကို တိုက်ဖျက်အနိုင်ယူနိုင်လိမ့်မည်ဟု ငါတို့ယုံကြည်သည်” ဟု ဝန်ကြီး ဦးရည်မွန်ကဆိုသည်။

ထို့အပြင် တော်လှန်ရေးတွင် အတူတကွ တိုက်ပွဲဝင်လျက်ရှိသော ညီနောင်များ၊မဟာမိတ်များအပေါ်တွင်လည်း ညီရင်းအကိုစိတ်ဓာတ်ကို အရင်းပြုလျက် ယုံကြည်မှု၊ လေးစားမှုထားကြရန်လည်း တိုက်တွန်းထားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲနေကြပြီ ဖြစ်ရာ ရဲဘော်တို့အားလုံး ကျရာတာဝန်ထမ်းရွက်ရန် အသင့်ရှိကြစေလိုကြောင်းလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

CNDFသည် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၏ ရပ်တည်ချက်များနှင့်အညီ စုဖွဲ့ထားသည့် အဖွဲ့ဖြစ်ပြီး အာဏာသိမ်းမှုကို တော်လှန်ရာ၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) တို့နှင့် လက်တွဲဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လက်တွဲသွားမည်ဖြစ်သကဲ့သို့ ချင်းပြည်နယ်အတွင်းရှိလက်နက်ကိုင် အဖွဲ့များနှင့်လည်း လက်တွဲဆောင်ရွက်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။