Connect with us

Hi, what are you looking for?

News

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင်အချို့ကိုတရားစွဲဖို့စစ်ကောင်စီ စီစဉ်

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တွေအတွင်းရေးမှူးတွေကို ထိန်းသိမ်းခဲ့တာလုပ်ခဲ့ပါတယ်။

People's Spring
People's Spring

မဲမသမာမှုလုပ်တယ်ဆိုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်အချို့ကို တရားစွဲဖို့ စစ်ကောင်စီက စီစဉ်နေတယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင် ၂ ဦးကို တရားစွဲပြီးတဲ့နောက် ဒီသတင်းတွေ ထွက်လာတာပါ။

ဒီသတင်းကြောင့် လက်ရှိအချိန်မှာ တိမ်းရှောင်နေရတယ်လို့ မြို့နယ်ရွေးကောက်ပွဲကေ်ာမရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့က အတတ်နိုင်ဆုံးအမှန်ကန်ဆုံး ဥပဒေနဲ့အညီပဲဆောင်ရွက်ခဲ့တယ်” လို့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြီးကြပ်ခဲ့ပုံကို တိမ်းရှောင်နေရသူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တွေအတွင်းရေးမှူးတွေကို ထိန်းသိမ်းခဲ့တာလုပ်ခဲ့ပါတယ်။

ထိန်းသိမ်းစဉ်မှာ ရိုက်နှက်စစ်ဆေးတာမျိုးမရှိဘဲ မဲမသမာမှုဖြစ်လို့ အာဏာသိမ်းခဲ့ရတယ်ဆိုတဲ့ပုံစံမျိုးကိုရှင်းပြခဲ့တယ်လို့ ပြန်လွတ်လာတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တစ်ဦးက ပြောပြထားပါတယ်။

အဲဒီအချိန်တုန်းက ရက်အတော်ကြာထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်