Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်​ရောင်းချရာတွင် ဘဏ်စနစ်အပြင် နိုင်ငံအလိုက်ကိုယ်စားလှယ်ထား​ရန် ပြည်ပ​ရောက်မြန်မာများအကြံပြု

ဘဏ်စနစ်ကိုသာ အဓိကထားသည့် ပုံစံအစား သက် ဆိုင်ရာနိုင်ငံအလိုက် ငွေတိုက်စာချုပ်များကို တိုက်ရိုက်ရောင်းချပေးသည့် စနစ်ကို ပူးတွဲကျင့်သုံးသင့်သည်ဟုလည်း ကိုရီးယားနိုင်ငံရောက်မြန်မာလုပ်သားတစ်ဦးက ​တောင်းဆိုသည်။

ငွေတိုက်စာချုပ်ရောင်းချရာတွင် ဘဏ်စနစ်အပြင် နိုင်ငံအလိုက်ကိုယ်စားလှယ်ထား၍ ရောင်းချပေးသည့်စနစ်ကိုလည်း လုပ်ဆောင်ရွက်ပေးရန် ငွေတိုက်စာချုပ်ဝယ်လိုသူ ပြည်ပ​ရောက်မြန်မာများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ တောင်းဆိုလိုက်သည်။

ငွေတိုက်စာချုပ်ဝယ်ယူလိုသူများအ​နေဖြင့် အီးမေးလ်နှင့် နိုင်ငံတကာငွေလွဲစနစ်ကို မကျွမ်းကျင်သူများ အမြောက်အမြားရှိနေ၍ ပြည်ပနိုင်ငံများအလိုက် ကိုယ်စားလှယ်ရုံးများမှ တစ်ဆင့်ရောင်းချသည့် စနစ်ကိုလည်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

“ကျွန်မ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာ ကြာပါပြီ။ ငွေတိုက်စာချုပ်ဆိုတာကို ဝယ်ချင်ပါတယ်။ ကျွန်မမှာ နိုင်ငံခြားငွေလဲတာကော။အီးမေးလ်ကောမရှိပါဘူး။ ဒါကြောင့် အလွယ်တကူဝယ်လိုရမယ့် နေရာတွေဖန်တီးပေးစေချင်ပါတယ်”ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

ဘဏ်စနစ်ကိုသာ အဓိကထားသည့် ပုံစံအစား သက် ဆိုင်ရာနိုင်ငံအလိုက် ငွေတိုက်စာချုပ်များကို တိုက်ရိုက်ရောင်းချပေးသည့် စနစ်ကို ပူးတွဲကျင့်သုံးသင့်သည်ဟုလည်း ကိုရီးယားနိုင်ငံရောက်မြန်မာလုပ်သားတစ်ဦးက ​တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ငွေတိုက်စာချုပ်ဝယ်လိုသူများတွင် နည်းပညာနှင့်မရင်းနှီးသည့် သက်ကြီးရွယ်အိုများပါဝင်နိုင်၍ နိုင်ငံအလိုက် ကိုယ်စားလှယ်များက တိုက်ရိုက်ရောင်းချပေးပြီး ငွေလွဲစနစ်ကို NUGက တာဝန်ယူသင့်သည်ဟု စင်ကာပူနိုင်ငံရောက် ငွေတိုက်စာချုပ်ဝယ်ယူထားသူတစ်ဦးက အကြံပြုသည်။

ထိုအတူ ငွေတိုက်စာချုပ်များကို Digitalနည်းပညာဖြင့် ပေးအပ်သည့်အစား စက္ကူပေါ်တွင် တိုက်ရိုက် ရိုက်နှိမ့်ထားသည့် ငွေတိုက်စာချုပ်များကိုလည်း လိုအပ်သူများရှိနေသည်ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချူပ်များကို ကန်ဒေါ်လာ တစ်ဘီလီယံဖိုး ရောင်းချနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၂ ရက်တွင် ကန်ဒေါ်လာသန်း ၂၀၀ဖိုးကို ပထမအသုတ်အနေဖြင့်စတင်ရောင်းချခဲ့ပြီး ဘဏ်ငွေလွဲစနစ် အဆင်မပြေမှုများကြောင့် နိုဝင်ဘာ ၂၉ ရက်တွင် တစ်ပတ်ကြာရပ်ဆိုင်းခဲ့ရသည်။

တစ်ပတ်အတွင်း ငွေတိုက်စာချုပ် ဒေါ်လာ ၁၅သန်းဖိုးရောင်းချခဲ့ရပြီး ထိုထဲတွင် စင်ကာပူနိုင်ငံ RHB ဘဏ်က ဒေါ်လာ ၃သန်းကို ဝယ်ယူသူများထံ ပြန်လည်လွဲပြောင်းခဲ့ပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဝယ်ယူသူများကိုလည်း အခြားဘဏ်တစ်ခုကို ထပ်မံလွှဲပြောင်းနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။