ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းချိန်မှ ယခုအချိန်ထိ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများတွင် အကြမ်းဖက်မှုကျူးလွန်ထားသူများမပါဝင်သကဲ့သို့ နောင်တွင်လည်း အကြမ်းဖက်မှုကျူးလွန်ထားသူများမပါဝင်စေရန် စနစ်တကျစီစစ်သွားမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့က အသိပေးချက် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၅)နံနက်ပိုင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင်ဖြစ်ပွားသည့် သပိတ်စစ်ကြောင်းမှ လူငယ်များကို စစ်ကောင်စီတပ်သားများက ကားနှင့်တိုက်၊ သေနတ်နှင့်ပစ်သဖြင့် ထိခိုက်ကွယ်လွန်သူ၊ မတရားဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့်အတူ ထိခိုက်ခံစားရကြောင်းလည်း ပြည်သူ့ရင်ခွင်အဖွဲ့က ဖော်ပြထားသည်။
ထို့ကြောင့် ထိုဖြစ်စဥ်အပါအဝင် အကြမ်းဖက်မှုဖြစ်စဥ်တိုင်းတွင်ပါဝင်သူတိုင်းကို အကြမ်းဖက်စစ်ကောင်စီ ၏ ထောက်တိုင်များအဖြစ်သတ်မှတ်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ဖြစ်ပွားသော စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသည့်လူငယ် လေးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

Public Service Announcement


















































