Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တွင် CDM ရဲများဖြင့် Kalay Police Sevice တပ်ဖွဲ့ စတင်ဖွဲ့စည်း

“CDM ရဲတွေနဲ့ Kalay Police Service ဖွဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ် ကျွန်မအနေနဲ့ ကာလတိုသက်မွေးပညာသင်တန်းစီစဥ်နေရလို့ အသေးစိပ်မသိရသေးပါဘူး”ဟု PDF ကလေးမှ သင်တန်းမှူးတစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောသည်။

People's Spring
People's Spring

ကလေးမြို့နယ်တွင် ပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှား မှု(CDM) ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များက Kalay Police Service ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့(ဒီဇင်ဘာ ၆)တွင် အသိပေးလိုက်သည်။

အဆိုပါ Police Service ရဲတပ်ဖွဲ့အနေဖြင့် ကလေးမြို့နယ်အတွင်း ပြည်သူလူထုအားထားရသော ရဲတပ်ဖွဲ့ဝင်များမွေးထုတ်ကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“CDM ရဲတွေနဲ့ Kalay Police Service ဖွဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ် ကျွန်မအနေနဲ့ ကာလတိုသက်မွေးပညာသင်တန်းစီစဥ်နေရလို့ အသေးစိပ်မသိရသေးပါဘူး”ဟု PDF ကလေးမှ သင်တန်းမှူးတစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောသည်။

Kalay Police Service တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရဲလုပ်ငန်းများကို လူ့အခွင့်အရေးအား လိုက်စားလိုက်နာမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု စသည့်စံတန်ဖိုးများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Kalay Polile Service ရဲတပ်ဖွဲ့ကို ပြည့်သူ့လိုအပ်ချက်အရ PDF Kalay နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။