Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့နယ်တွင် CDM ရဲများဖြင့် Kalay Police Sevice တပ်ဖွဲ့ စတင်ဖွဲ့စည်း

“CDM ရဲတွေနဲ့ Kalay Police Service ဖွဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ် ကျွန်မအနေနဲ့ ကာလတိုသက်မွေးပညာသင်တန်းစီစဥ်နေရလို့ အသေးစိပ်မသိရသေးပါဘူး”ဟု PDF ကလေးမှ သင်တန်းမှူးတစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောသည်။

People's Spring
People's Spring

ကလေးမြို့နယ်တွင် ပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှား မှု(CDM) ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များက Kalay Police Service ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့(ဒီဇင်ဘာ ၆)တွင် အသိပေးလိုက်သည်။

အဆိုပါ Police Service ရဲတပ်ဖွဲ့အနေဖြင့် ကလေးမြို့နယ်အတွင်း ပြည်သူလူထုအားထားရသော ရဲတပ်ဖွဲ့ဝင်များမွေးထုတ်ကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“CDM ရဲတွေနဲ့ Kalay Police Service ဖွဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ် ကျွန်မအနေနဲ့ ကာလတိုသက်မွေးပညာသင်တန်းစီစဥ်နေရလို့ အသေးစိပ်မသိရသေးပါဘူး”ဟု PDF ကလေးမှ သင်တန်းမှူးတစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောသည်။

Kalay Police Service တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရဲလုပ်ငန်းများကို လူ့အခွင့်အရေးအား လိုက်စားလိုက်နာမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု စသည့်စံတန်ဖိုးများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Kalay Polile Service ရဲတပ်ဖွဲ့ကို ပြည့်သူ့လိုအပ်ချက်အရ PDF Kalay နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။

သတင်း

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။