–သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိ
ကုလသမဂ္ဂမှာ မြန်မာစစ်ကောင်စီနဲ့ တာလီဘန်တို့ရဲ့ ကိုယ်စားပြုခွင့်ကို ရွှေ့ဆိုင်းထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က(ဒီဇင်ဘာ ၆ ရက်) ဆုံးဖြတ်လိုက်ပါတယ်။
ကုလအထွေထွေညီလာခံရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို လက်ရှိကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဖဂန်နစ္စတန်ရဲ့ လက်ရှိသံအမတ်ကြီး Ghulam M. Isaczaiတို့က ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။
ကုလအထွေထွေညီလာခံဟာ အရည်အချင်းစစ်ကော်မတီ(Credentials Committee)ရဲ့ အဆိုပြုချက်ကို မဲမခွဲဘဲ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။