Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူအသစ်အဖြစ် အမေရိကန်ဝါရင့်သံတမန်တစ်ဦးကို ကုလ အဆိုပြု

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

အ​မေရီကန်ဝါရင့် သံတမန် မစ္စစ်ကယ်လီကာရီ။ ဓါတ်ပုံ-Getty

မတ်-၂၀၊ ၂၀၂၆။ သော်မွန်/People’s Spring

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ်တာဝန်ထမ်းဆောင်တာသက်တမ်း ၆နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မစ္စတာတွမ်အန်ဒရူးစ်နေရာအတွက်မစ္စစ်ကယ်လီကာရီကိုကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကအဆိုပြုလိုက်ပါတယ်။

လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက်အစည်းအဝေးမှာ မစ္စတာတွမ်အန်ဒရူးစ်က သူ့ရဲ့နောက်ဆုံးအစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပြီး လစ်လပ်သွားတဲ့ သူ့နေရာအတွက် အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီကာရီကို ကောင်စီဥက္ကဋ္ဌက မတ်လ ၁၉ရက်က အဆိုပြုခဲ့တာဖြစ်ပါတယ်။

မစ္စစ်ကယ်လီကာရီဟာ အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မစ္စစ်ကယ်လီကာရီကို ရွေးချယ်တာနဲ့ပတ်သက်လို့ သြစတြေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ် ကြိုဆိုထားပြီး သူမဟာ ဆယ်စုနှစ်များစွာ မြန်မာပြည်လွတ်လပ်ခွင့်အတွက် အခိုင်အမာအားပေးထောက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။

မစ္စစ်ကယ်လီကာရီဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေ အခွင့်အရေးအတွက် နှစ်ပေါင်း သုံးဆယ်ကျော်ကြာ ကုလသမဂ္ဂနဲ့ အမေရိကန် အစိုးရအဆင့်မှာ ထိတွေ့ ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက အသိပေးပါတယ်။

အမေရိကန်သမ္မတထရမ့်ရဲ့ ပထမသက်တမ်းမှာ မစ္စစ်ကယ်လီကာရီဟာ ကုလသမဂ္ဂမှာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးတွေရဲ့အရေးကိစ္စတွေအတွက် အမေရိကန်အထူးသံအမတ်ဖြစ်ခဲ့သလို ကုလသမဂ္ဂ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်ရေးကော်မရှင်မှာလည်း အမေရိကန်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စစ်နစ်ကီဟာလေးလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ စီးပွားရေးလူမှုရေးကောင်စီ(တတိယကောင်စီ)မှာ အမေရိကန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်ခဲ့ပြီး မစ္စတာတွမ်အန်ဒရူးစ်က ၆ ဦးမြောက်ဖြစ်ခဲ့ပြီး အသစ်ခန့်အပ်မယ့်သူက ၇ ဦးမြောက် ဖြစ်လာမှာပါ။ အထူးအစီရင်ခံစာတင်သွင်းသူတွေဟာ ကုလသမဂ္ဂမှာ လခစားဝန်ထမ်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းမှုအရ စေတနာ့ဝန်ထမ်းအဖြစ် သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook