Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်မှ ၅၀ထက်မနည်းသေဟု ပြည်သူ့ကာကွယ်​ရေးတပ်​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၆ရက် ညပိုင်းကတည်းကစ၍ ပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းထားခဲ့သည်။

ဒီပဲယင်းမြို့နယ် ယနေ့(ဒီဇင်ဘာ ၇ ရက်) နံနက်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲဖြစ်စဥ်မှာ ဒီပဲယင်းအနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၆ရက် ညပိုင်းကတည်းကစ၍ ပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းထားခဲ့သည်။

ထို့နောက် ယနေ့ နံနက် ၇နာရီတွင် ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“သုံးဘက် ညှပ်ပြီးစစ်ခွေး စခန်းချနေသည့်နေရာကို အလစ်ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တယ်။လက်နက်မမျှတပင်မယ့် တိုက်ပွဲရဲ့ ၇၀ရာခိုင်နှုန်းလောက်ကို အသာစီး ရယူနိုင်ခဲ့တယ်”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်အထိ နာနေသော အကြမ်းဖက်စစ်တပ်က စစ်ကူအဖြစ် ရဟတ်ယာဥ် ကိုပါအသုံးပြုခဲ့ရသည်။

“လေကြောင်းပစ်ကူပါလာတော့ ကျွန်တော်တို့ တိုက်ခိုက်မှုကိုလျော့ပေးခဲ့ရတယ်။ စုစုပေါင်း လေယာဥ်သုံးစီးပါတယ်။ တစ်စီးက ပစ်ကူပေးတယ်။ကျန်နှစ်စီးက သေတဲ့သူနဲ့ဒဏ်ရာရတဲ့သူတွေကို သယ်သွားတယ်။ စစ်တပ်က အရာရှိကြီးတစ်ယောက်ပါသေသွားတယ်လို့ အတည်ပြုရတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၂၇ရက်ကစ၍ လေကြောင်းပစ်ကူများအပါအဝင် သာလွန်အင်အား၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။