Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်မှ ၅၀ထက်မနည်းသေဟု ပြည်သူ့ကာကွယ်​ရေးတပ်​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၆ရက် ညပိုင်းကတည်းကစ၍ ပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းထားခဲ့သည်။

ဒီပဲယင်းမြို့နယ် ယနေ့(ဒီဇင်ဘာ ၇ ရက်) နံနက်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲဖြစ်စဥ်မှာ ဒီပဲယင်းအနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၆ရက် ညပိုင်းကတည်းကစ၍ ပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းထားခဲ့သည်။

ထို့နောက် ယနေ့ နံနက် ၇နာရီတွင် ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“သုံးဘက် ညှပ်ပြီးစစ်ခွေး စခန်းချနေသည့်နေရာကို အလစ်ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တယ်။လက်နက်မမျှတပင်မယ့် တိုက်ပွဲရဲ့ ၇၀ရာခိုင်နှုန်းလောက်ကို အသာစီး ရယူနိုင်ခဲ့တယ်”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်အထိ နာနေသော အကြမ်းဖက်စစ်တပ်က စစ်ကူအဖြစ် ရဟတ်ယာဥ် ကိုပါအသုံးပြုခဲ့ရသည်။

“လေကြောင်းပစ်ကူပါလာတော့ ကျွန်တော်တို့ တိုက်ခိုက်မှုကိုလျော့ပေးခဲ့ရတယ်။ စုစုပေါင်း လေယာဥ်သုံးစီးပါတယ်။ တစ်စီးက ပစ်ကူပေးတယ်။ကျန်နှစ်စီးက သေတဲ့သူနဲ့ဒဏ်ရာရတဲ့သူတွေကို သယ်သွားတယ်။ စစ်တပ်က အရာရှိကြီးတစ်ယောက်ပါသေသွားတယ်လို့ အတည်ပြုရတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၂၇ရက်ကစ၍ လေကြောင်းပစ်ကူများအပါအဝင် သာလွန်အင်အား၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်သားများကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။