Connect with us

Hi, what are you looking for?

News

ချင်းပြည်သူများ ပြည်ပသို့အပြီးတိုင် ထွက်ခွာခြင်းမပြုရန် CJDC မေတ္တာရပ်ခံ

CJDC၏ ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၉မှ ဒီဇင်ဘာ၃ရက် ထိကျင်းပပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

People's Spring
People's Spring

ပြည်တွင်းရှိ ချင်းပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများသို့ စစ်ဘေးဒုက္ခသည် (Refugee)အဖြစ် ထွက်ပြေး တိမ်းရှောင်သွားခြင်းသည် ချင်းပြည်ထောင်တည် ဆောက်ရေးအတွက် အဟန့်အတားအခက်အခဲများ ဖြစ်စေနိုင်သောကြောင့် ချင်းပြည်သူများ ပြည်ပသို့ အပြီး တိုင်ထွက်ခွာခြင်း မပြုကြရန် အထူးမေတ္တာရပ်ခံကြောင်းချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC)က ထုတ်ပြန်သည်။

CJDC၏ ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၉မှ ဒီဇင်ဘာ၃ရက် ထိကျင်းပပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်ဦးစီးဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ချင်းပြည်သူများအပေါ် အကြမ်းဖက် ဖမ်းဆီးခြင်း၊ ရိုက်နှိက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ပြည်သူ့အိုးအိမ်များ မီးရှို့ဖျက်စီးခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဘာသာရေးအဆောက်အအုံများ မီးရှို့ဖျက်စီးခြင်းနှင့် အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ခြင်းများ ယနေ့တိုင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်လျှက်ရှိသကဲ့သို့ CJDC အပါအဝင် ပြည်တွင်း၊ပြည်ပရှိ ချင်းအမျိုးသားများအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို စည်းလုံးညီညွတ်စွာတော်လှန်နေချိန်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ထို့ပြင်“ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အရေးပေါ် အချိန်ကာလ” ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေမည့် လုပ်ရပ်များ၊ ချင်းပြည်သူများ ပြည်ပနိုင်ငံသို့ refugee အဖြစ် ထွက်ခွာရန် အားပေးအားမြောက်ခြင်း၊ သိမ်းသွင်းခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ နည်းအမျိုးမျိုးဖြင့်လုပ်ဆောင်နေသော အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်အချို့သည် မိမိတို့၏ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ၎င်းလုပ်ရပ်များအပေါ် ပြင်းထန်စွာ သတိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

CJDC သည် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်နှင့်ချင်းလူမျိုးများနေထိုင်ရာ မြို့နယ်၊ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖက်ဒရယ် ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် အချိတ်ဆက်ရှိရှိ၊ ထိထိ ရောက်ရောက်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကနီနဲ့ ကောလင်းမြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့ကို ဒီနေ့ ဇန်နဝါရီ၂၀ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

သတင်း

ဇန်နဝါရီ-၁၄၊၂၀၂၆။ ဟန်နွေ/People’s Spring အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)က ဇန်နဝါရီ ၁၂ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊...

သတင်း

ကလေးမြို့ဘက်စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကိုလည်း လေကြောင်းက စစ်ကောင်စီ အင်အားဖြည့်

သတင်း

ချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့်ချင်းပြည်(Chinland)ကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ကို ယနေ့ ဖေဖော်ဝါရီလ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့ရာ ကောင်စီနှစ်ခုကို ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီဟုခေါ်တွင်ရန် သဘောတူညီကြောင်း ပူးတွဲထုတ်ပြန်သည်။