Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းပြည်သူများ ပြည်ပသို့အပြီးတိုင် ထွက်ခွာခြင်းမပြုရန် CJDC မေတ္တာရပ်ခံ

CJDC၏ ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၉မှ ဒီဇင်ဘာ၃ရက် ထိကျင်းပပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

People's Spring
People's Spring

ပြည်တွင်းရှိ ချင်းပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများသို့ စစ်ဘေးဒုက္ခသည် (Refugee)အဖြစ် ထွက်ပြေး တိမ်းရှောင်သွားခြင်းသည် ချင်းပြည်ထောင်တည် ဆောက်ရေးအတွက် အဟန့်အတားအခက်အခဲများ ဖြစ်စေနိုင်သောကြောင့် ချင်းပြည်သူများ ပြည်ပသို့ အပြီး တိုင်ထွက်ခွာခြင်း မပြုကြရန် အထူးမေတ္တာရပ်ခံကြောင်းချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC)က ထုတ်ပြန်သည်။

CJDC၏ ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၉မှ ဒီဇင်ဘာ၃ရက် ထိကျင်းပပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်ဦးစီးဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ချင်းပြည်သူများအပေါ် အကြမ်းဖက် ဖမ်းဆီးခြင်း၊ ရိုက်နှိက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ပြည်သူ့အိုးအိမ်များ မီးရှို့ဖျက်စီးခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဘာသာရေးအဆောက်အအုံများ မီးရှို့ဖျက်စီးခြင်းနှင့် အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ခြင်းများ ယနေ့တိုင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်လျှက်ရှိသကဲ့သို့ CJDC အပါအဝင် ပြည်တွင်း၊ပြည်ပရှိ ချင်းအမျိုးသားများအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို စည်းလုံးညီညွတ်စွာတော်လှန်နေချိန်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ထို့ပြင်“ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အရေးပေါ် အချိန်ကာလ” ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေမည့် လုပ်ရပ်များ၊ ချင်းပြည်သူများ ပြည်ပနိုင်ငံသို့ refugee အဖြစ် ထွက်ခွာရန် အားပေးအားမြောက်ခြင်း၊ သိမ်းသွင်းခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ နည်းအမျိုးမျိုးဖြင့်လုပ်ဆောင်နေသော အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်အချို့သည် မိမိတို့၏ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ၎င်းလုပ်ရပ်များအပေါ် ပြင်းထန်စွာ သတိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

CJDC သည် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်နှင့်ချင်းလူမျိုးများနေထိုင်ရာ မြို့နယ်၊ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖက်ဒရယ် ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် အချိတ်ဆက်ရှိရှိ၊ ထိထိ ရောက်ရောက်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒါကတော့ ချင်း-မကွေးတိုင်းနယ်စပ်မှာရှိတဲ့ ဆောမြို့လေးရဲ့ လက်ရှိအနေအထားဖြစ်ပါတယ်။စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းယူထားပြီး နှစ်နှစ်ခွဲကျော်လာတဲ့အခါ မ​ကွေးတိုင်းထဲက မြို့ တစ်မြို့အနေအထား ဖြစ်ပါတယ်။

ဆောင်းပါး

စောနွေဦး/People’s Spring လက်နက်​တွေကိုင်ထားတဲ့ လူငယ်​တွေ စစ်ဆေးနေတဲ့ PDF ဂိတ်တခုကို ကျော်လိုက်တဲ့အခါ မကွေးနဲ့ ချင်းနယ်စပ်မှာရှိတဲ့ မြို့လေးထဲကိုရောက်သွားပါတယ်။ မြို့ငယ်လေးထဲမှာတော့ ဈေးဆိုင်​တွေ၊ ဆိုင်ကယ်​တွေနဲ့ ပုံမှန်လည်ပတ်နေပါတယ်။ ဒါ​ပေမယ့် မြို့လယ်လမ်းမဘေးမှာ ခြုံနွှယ်တွေတက်နေတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၊ သမဝါယရုံး စတဲ့...

သတင်း

ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။

သတင်း

ကန့်ဘလူမြို့နယ် ပဇီကြီးရွာသည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ၁၆၈ ဦး သေဆုံးမခဲ့သည့် ဒေသဖြစ်သကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့်လည်း နေအိမ်​ပေါင်း​သောင်းချီ ဖျက်ဆီးခံထား​ရ​သော​ဒေသဖြစ်သည်။