Connect with us

Hi, what are you looking for?

News

၁၁ ဦး မီးရှို့သတ်ခံရတဲ့ဒုံးတောရွာမှာ အလောင်း ၃ လောင်းထပ်တွေ့

ဒီနေ့ ဒီဇင်ဘာလ ၈ ရက်အထိ ဒုံးတော၊ ဖောင်းကား၊ ဘိန်းနွယ်ချောင်၊ ကျေးစာပြ၊ ဂုန်းတော၊ ဒုံးတော၊ သံကုန်းစတဲ့ကျေးရွာတွေက လူဦးရေ ၂သောင်းကျော်လောက်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒုံးတောအပါအဝင် ကျေးရွာ ၈ ရွာက လူ ၂ သောင်းလောက် စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲက ဒုံးတောကျေးရွာအပါအဝင် အနီးပတ်ဝန်ကျင်က ကျေးရွာ ၈ ရွာလောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်မြေရှင်လင်းရေးဆိုကာ ရွာသားတွေကို သတ်ဖြတ်တာ ၊ ဖမ်းဆီးရိုက်နှက်တာ ၊လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလုပ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၈ ရက်အထိ ဒုံးတော၊ ဖောင်းကား၊ ဘိန်းနွယ်ချောင်၊ ကျေးစာပြ၊ ဂုန်းတော၊ ဒုံးတော၊ သံကုန်းစတဲ့ကျေးရွာတွေက လူဦးရေ ၂သောင်းကျော်လောက်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးတော ရွာမှာတော့ မနေ့က ရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်တွေဟာ မီးရှို့သတ်ဖြတ်ခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေရာမှာ ဒီနေ့မနက်ပိုင်းက အလောင်း ၃ လောင်း ထပ်တွေ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ထပ်တွေ့တဲ့အလောင်း ၃ လောင်းဟာ အသက် ၅၀ အရွယ်အမျိုးသား ၊ သက်ကြီးပိုင်းအမျိုးသမီး နဲ့
လူငယ်အရွယ်အမျိုးသမီးတို့ ဖြစ်တယ်လို့ မျက်မြင်တွေ့ရသူတစ်ဦးကပြောပါတယ်။

“မနက်အစောလေးတင် သေနေတာတွေ့ရတယ်၊ စစ်တပ်ကပဲသတ်သွားတာ၊ ရွာရှိလူစာရင်းအရ ၅ယောက်လောက်လည်းပျောက်နေသေးတယ်”လို့ ဒုံးတောရွာသားတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။