Connect with us

Hi, what are you looking for?

News

ဘောလခဲတိုက်ပွဲ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဒီဇင်ဘာ၇ ရက် ညတွင်လည်း ဒီးမော့ဆိုမြို့နယ်ရဲစခန်းနှင့် ငွေတောင် (၄၂၇) တပ်တို့တွင်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ညလုံးပေါက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ၇ရက်) ညနေပိုင်းက ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)နှင့် (KNDF)တို့ ခုခံတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

ယနေ့ ဒီဇင်ဘာ၈ရက်တွင်လည်း စစ်ကောင်စီတပ်သည်ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောတောင်များဘက်သို့ စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ညနေပိုင်းအထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNDFက ဆိုသည်။ တိုက်ပွဲ၌ ထိခိုက်မှုအခြေအနေများကို မသိရသေးဟုဆိုသည်။

ဒီဇင်ဘာ၇ ရက် ညတွင်လည်း ဒီးမော့ဆိုမြို့နယ်ရဲစခန်းနှင့် ငွေတောင် (၄၂၇) တပ်တို့တွင်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ညလုံးပေါက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသခံများက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ၆လကျော်ကာလအတွင်း တိုက်ပွဲ ရာနှင့်ချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။