Connect with us

Hi, what are you looking for?

LuduNwayOo

News

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ကြေညာချက်ကို အလှည့်ကျဥက္ကဌ နိုင်ဂျာသံအမတ်ကြီး Abdou Abarry က အဖွဲ့ဝင် ၁၅ နိုင်ငံကိုယ်စား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(၂၀၂၀ ဇူလိုင်၅ရက်က ​နေပြည်​တော်၌ ဒီချုပ်ယာယီဌာနချုပ်ရုံးဖွင့်ပွဲသို့လာ​ရောက်​သော ဒီချုပ်ပါတီ​ခေါင်းဆောင်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ- ဒီချုပ်)

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားသော ပုဂ္ဂိုလ်များကို ထောင်ဒဏ်ချမှတ်ခြင်းတွေအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၈ရက်တွင် တိုက်တွန်းထုတ်ပြန်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ကြေညာချက်ကို အလှည့်ကျဥက္ကဌ နိုင်ဂျာသံအမတ်ကြီး Abdou Abarry က အဖွဲ့ဝင် ၁၅ နိုင်ငံကိုယ်စား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် ဆက်လက်ထောက်ခံကူညီမည်ဖြစ်ကြောင်းထပ်မံထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ၊ လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်မှုကို အလေးပေးပြောကြားသည်။

ထို့အပြင် အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရန်၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့် အညီ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော် ဆောင်ရန် လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀လေးစားရန်၊ တရားဥပဒေစိုးမိုးရေးကိုလုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေစိုးမိုးရေးနှင့် ညီညွတ်မှုတို့အတွက် ၎င်းတို့၏ ခိုင်မာသောကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ကြေညာချက်၌ ဖော်ပြသည်။

(၂၀၂၀ ဇူလိုင်၅ရက်က ​နေပြည်​တော်၌ ဒီချုပ်ယာယီဌာနချုပ်ရုံးဖွင့်ပွဲသို့လာ​ရောက်​သော ဒီချုပ်ပါတီ​ခေါင်းဆောင်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ- ဒီချုပ်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။