Connect with us

Hi, what are you looking for?

News

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ကြေညာချက်ကို အလှည့်ကျဥက္ကဌ နိုင်ဂျာသံအမတ်ကြီး Abdou Abarry က အဖွဲ့ဝင် ၁၅ နိုင်ငံကိုယ်စား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(၂၀၂၀ ဇူလိုင်၅ရက်က ​နေပြည်​တော်၌ ဒီချုပ်ယာယီဌာနချုပ်ရုံးဖွင့်ပွဲသို့လာ​ရောက်​သော ဒီချုပ်ပါတီ​ခေါင်းဆောင်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ- ဒီချုပ်)

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားသော ပုဂ္ဂိုလ်များကို ထောင်ဒဏ်ချမှတ်ခြင်းတွေအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၈ရက်တွင် တိုက်တွန်းထုတ်ပြန်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ကြေညာချက်ကို အလှည့်ကျဥက္ကဌ နိုင်ဂျာသံအမတ်ကြီး Abdou Abarry က အဖွဲ့ဝင် ၁၅ နိုင်ငံကိုယ်စား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် ဆက်လက်ထောက်ခံကူညီမည်ဖြစ်ကြောင်းထပ်မံထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ၊ လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်မှုကို အလေးပေးပြောကြားသည်။

ထို့အပြင် အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရန်၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့် အညီ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော် ဆောင်ရန် လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀လေးစားရန်၊ တရားဥပဒေစိုးမိုးရေးကိုလုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေစိုးမိုးရေးနှင့် ညီညွတ်မှုတို့အတွက် ၎င်းတို့၏ ခိုင်မာသောကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ကြေညာချက်၌ ဖော်ပြသည်။

(၂၀၂၀ ဇူလိုင်၅ရက်က ​နေပြည်​တော်၌ ဒီချုပ်ယာယီဌာနချုပ်ရုံးဖွင့်ပွဲသို့လာ​ရောက်​သော ဒီချုပ်ပါတီ​ခေါင်းဆောင်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ- ဒီချုပ်)

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။