Connect with us

Hi, what are you looking for?

News

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့ ၃ ဦးလုံးကျန်းမာရေးကောင်းမွန်တယ်လို့လည်းသိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ဆင်နွှဲကြတဲ့ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့စွဲဆိုထားတဲ့အမှု တွေထဲက တစ်မှုကို ဒီနေ့နေပြည်တော်မှာစစ်ဆေးပါတယ်။

အဲဒီအမှုဟာ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် အတွက် ထိုက်သင့်တဲ့ မြေတန်ဖိုးကို နိုင်ငံတော်ကိုမသွင်းဘူးဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက စွဲထားတာပါ။

ဒါအပြင် ဒီနေ့မှာ အဂတိမှုအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကိုလည်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့ ၃ ဦးလုံးကျန်းမာရေးကောင်းမွန်တယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။