Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့ ၃ ဦးလုံးကျန်းမာရေးကောင်းမွန်တယ်လို့လည်းသိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ဆင်နွှဲကြတဲ့ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့စွဲဆိုထားတဲ့အမှု တွေထဲက တစ်မှုကို ဒီနေ့နေပြည်တော်မှာစစ်ဆေးပါတယ်။

အဲဒီအမှုဟာ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် အတွက် ထိုက်သင့်တဲ့ မြေတန်ဖိုးကို နိုင်ငံတော်ကိုမသွင်းဘူးဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက စွဲထားတာပါ။

ဒါအပြင် ဒီနေ့မှာ အဂတိမှုအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကိုလည်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့ ၃ ဦးလုံးကျန်းမာရေးကောင်းမွန်တယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။