Connect with us

Hi, what are you looking for?

News

ပြည်သူအားလုံးပါဝင်သော တိတ်ဆိတ်ခြင်းသပိတ်ကို ကုလလူ့အခွင့်အရေးကောင်စီပြောခွင့်ရသူ ချီးကျူး

“ဒီနေ့မှာ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ခံနိုင်ရည်မှုတွေက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုခဲ့ပြီး အားလုံးပါဝင်တဲ့တိတ်ဆိတ်ခြင်းသပိတ်နဲ့အတူ စစ်အာဏာသိမ်းမှုအပေါ် သူတို့ရဲ့ဆန့်ကျင်ဖီဖန်မှုကို ပြသခဲ့ပါတယ်” ဟု Rupert Colville က ​ပြောသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မြန်မာပြည်သူများ၏ ရဲရင့်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို သက်သေပြခဲ့ပြီး ပြည်သူအားလုံးပါဝင်သော တိတ်ဆိတ်ခြင်းသပိတ်နှင့်အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည်ကိုတွေ့ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က ပြောသည်။

“ဒီနေ့မှာ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ခံနိုင်ရည်မှုတွေက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုခဲ့ပြီး အားလုံးပါဝင်တဲ့တိတ်ဆိတ်ခြင်းသပိတ်နဲ့အတူ စစ်အာဏာသိမ်းမှုအပေါ် သူတို့ရဲ့ဆန့်ကျင်ဖီဖန်မှုကို ပြသခဲ့ပါတယ်” ဟု Rupert Colville က ​ပြောသည်။

မြန်မာနိုင်ငံတွင် ကြီးမားကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း တုန်လှုပ်ခြောက်ခြားမိကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ငယ်ရွယ်သူ ၅ ဦးအပါအဝင် လူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်၊ အခြေခံရပိုင်ခွင့် ငြိမ်းချမ်းစုဝေးခွင့်ကို ကျင့်သုံးသော ဆန္ဒပြသူများကို ကားနှင့်ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်များကို ကုလလူ့အခွင့်အရေးကောင်စီပြောခွင့်ရသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့သည်မှာ ၁၀ လကျော်ရှိလာချိန်တွင် နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် မခန့်မှန်းနိုင်သည့် ပမာဏဖြင့် ဆိုးရွားနေပြီး လူသား၏ အသက်၊ လွတ်လပ်မှုနှင့် လုံခြုံရေးရပိုင်ခွင့်များ၊ ညှင်းပန်းနှိပ်စက်မှု တားမြစ်ချက်၊ လွတ်လပ်မျှတသော တရားစီရင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စသည်တို့မှာ နေ့စဉ်ဆိုးရွားပြင်းထန်နေကြောင်း Rupert Colville က မှတ်တမ်းတင်သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။