Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူအားလုံးပါဝင်သော တိတ်ဆိတ်ခြင်းသပိတ်ကို ကုလလူ့အခွင့်အရေးကောင်စီပြောခွင့်ရသူ ချီးကျူး

“ဒီနေ့မှာ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ခံနိုင်ရည်မှုတွေက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုခဲ့ပြီး အားလုံးပါဝင်တဲ့တိတ်ဆိတ်ခြင်းသပိတ်နဲ့အတူ စစ်အာဏာသိမ်းမှုအပေါ် သူတို့ရဲ့ဆန့်ကျင်ဖီဖန်မှုကို ပြသခဲ့ပါတယ်” ဟု Rupert Colville က ​ပြောသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မြန်မာပြည်သူများ၏ ရဲရင့်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို သက်သေပြခဲ့ပြီး ပြည်သူအားလုံးပါဝင်သော တိတ်ဆိတ်ခြင်းသပိတ်နှင့်အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည်ကိုတွေ့ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က ပြောသည်။

“ဒီနေ့မှာ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ခံနိုင်ရည်မှုတွေက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုခဲ့ပြီး အားလုံးပါဝင်တဲ့တိတ်ဆိတ်ခြင်းသပိတ်နဲ့အတူ စစ်အာဏာသိမ်းမှုအပေါ် သူတို့ရဲ့ဆန့်ကျင်ဖီဖန်မှုကို ပြသခဲ့ပါတယ်” ဟု Rupert Colville က ​ပြောသည်။

မြန်မာနိုင်ငံတွင် ကြီးမားကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း တုန်လှုပ်ခြောက်ခြားမိကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ငယ်ရွယ်သူ ၅ ဦးအပါအဝင် လူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်၊ အခြေခံရပိုင်ခွင့် ငြိမ်းချမ်းစုဝေးခွင့်ကို ကျင့်သုံးသော ဆန္ဒပြသူများကို ကားနှင့်ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်များကို ကုလလူ့အခွင့်အရေးကောင်စီပြောခွင့်ရသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့သည်မှာ ၁၀ လကျော်ရှိလာချိန်တွင် နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် မခန့်မှန်းနိုင်သည့် ပမာဏဖြင့် ဆိုးရွားနေပြီး လူသား၏ အသက်၊ လွတ်လပ်မှုနှင့် လုံခြုံရေးရပိုင်ခွင့်များ၊ ညှင်းပန်းနှိပ်စက်မှု တားမြစ်ချက်၊ လွတ်လပ်မျှတသော တရားစီရင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စသည်တို့မှာ နေ့စဉ်ဆိုးရွားပြင်းထန်နေကြောင်း Rupert Colville က မှတ်တမ်းတင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။