Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းမြို့နယ်ရှိ ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရ

WTRF မှ ရှင်းလင်းခဲ့သော သခွပ်မြင့်ကျေးရွာနေ စိုးမြင့်ဆိုသူမှာ ပျူစောထီခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပျူစောထီး ၄၀ခန့်ကို ငွေကြေးထောက်ပံမှုများလည်း လုပ် ဆောင်နေသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

People's Spring
People's Spring

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ပျူစောထီးခေါင်း ဆောင်တစ်ဦးကို ယနေ့(ဒီဇင်ဘာ ၁၁)ညပိုင်းတွင် သုတ်သင်ရှင်းလင်းလိုက်ကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့ Wundwin Township Revolution Force – WTRF က ထုတ်ပြန်သည်။

WTRF မှ ရှင်းလင်းခဲ့သော သခွပ်မြင့်ကျေးရွာနေ စိုးမြင့်ဆိုသူမှာ ပျူစောထီခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပျူစောထီး ၄၀ခန့်ကို ငွေကြေးထောက်ပံမှုများလည်း လုပ် ဆောင်နေသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ထို့အပြင် ပျူစောထီးအဖွဲ့ဝင်များအား စစ်သင်တန်းများ တက်ရောက်စေခြင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများအား ငွေကြေးထောက်ပံ့ကူညီနေသူဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ဒလန်လုပ်နေခြင်းကိုရပ်တန်းက ရပ်ရန်နှင့် စစ်ကောင်စီ လက်ပါးစေအဖြစ်က နှုတ်ထွက်ခြင်း၊နောက်နောင် စစ်ကောင်စီ အကြမ်းဖက်များဖြင့် ပတ်သတ်ခြင်းမပြုလုပ်ပါဟု ခံဝန်စာတင်ပြခြင်း ဒါတွေလုပ်မှ သူတို့ကို သက်ညှာပေးနိုင်မယ်”ဟု WTRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သခွပ်မြင့်ရွားသား စိုးမြင့်ဆိုသူမှာ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းပြီး ရွာသူ၊ရွာသားများအပေါ်ခြိမ်းခြောက်လုပ်ဆောင်နေခြင်းကို မရပ်တန့်ခြင်းကြောင့် ရှင်းလင်းသုတ်သင်လိုက်​ခြင်းဖြစ်ကြောင်း WTRF က ဆက်ပြောသည်။

ယနေ့ညဦးပိုင်းကလည်း ဝမ်းတွင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာမှ စစ်ကောင်စီ၏ လက်ရုံး တပ်ပျူစောထီးသင်တန်းဆင်း အောင်ဆန်းနိုင်ဆိုသူကို WTRF က ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook