Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ဗိုလ်မှူးMajor 48ဦး​ဆောင်၍ စစ်ဗျူဟာ၊တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်များဖြင့် PSDFကို ဖွဲ့စည်း

အလားတူ တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာ ဆိုင်ရာတွဲဖက်အကြံပေးအဖြစ် ဗိုလ်ကြီးဇင်ယော်နှင့် ဖောက်ခွဲဖျက်ဆီးရေးနှင့် စစ်ဗျူဟာဆိုင်ရာအကြံပေးအဖြစ် ဗိုလ်ဇာနည်အောင်က ဆောင်ရွက်မည်ဖြစ်သည်။

CDM ဗိုလ်မှူး Major 48၏ ဦးဆောင်မှုနှင့်အတူ စစ်ဗျူဟာ၊တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်များဖြင့် People Soldiers’ Defense Force (PSDF)ကို ဖွဲ့စည်းထား​ကြောင်း အဆိုပါအဖွဲ့က ကြေညာသည်။

အာဏာရှင်စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်လာသည့် CDM ဗိုလ်ကြီးများအနက် စစ်ဗျူဟာဆိုင်ရာ အကြံပေးနှင့် ဆက်ဆံရေးအရာရှိအဖြစ် ဗိုလ်ကြီးထက်မြတ်၊တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာဆိုင်ရာ အကြံပေး အဖြစ် ဗိုလ်ကြီး​အေးချမ်းက တာဝန်ယူမည်ဖြစ်သည်။

အလားတူ တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာ ဆိုင်ရာတွဲဖက်အကြံပေးအဖြစ် ဗိုလ်ကြီးဇင်ယော်နှင့် ဖောက်ခွဲဖျက်ဆီးရေးနှင့် စစ်ဗျူဟာဆိုင်ရာအကြံပေးအဖြစ် ဗိုလ်ဇာနည်အောင်က ဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် နယ်ပယ်ဒေသ အသီးသီးရှိ မြေပြင်အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေသော လုံခြုံရေးအရ အမည်ဖော်ပြ၍ မရသေးသည့် အရာရှိ၊စစ်သည်များနှင့် အခြားသောကျွမ်းကျင် ပညာရှင်များလည်းပါဝင်ဖွဲ့စည်းထားကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာအတွင်းက စတင်ဖွဲ့စည်းခဲ့သော PSDF သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ချောင်းဦး၊မြောင်၊မြင်းမူ၊ဆားလင်းကြီး၊ဒီပဲယင်း၊မြင်းခြံ အပါအဝင် မြေအောက် UG အဖွဲ့အချို့နှင့် မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။