Connect with us

Hi, what are you looking for?

News

CDM ဗိုလ်မှူးMajor 48ဦး​ဆောင်၍ စစ်ဗျူဟာ၊တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်များဖြင့် PSDFကို ဖွဲ့စည်း

အလားတူ တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာ ဆိုင်ရာတွဲဖက်အကြံပေးအဖြစ် ဗိုလ်ကြီးဇင်ယော်နှင့် ဖောက်ခွဲဖျက်ဆီးရေးနှင့် စစ်ဗျူဟာဆိုင်ရာအကြံပေးအဖြစ် ဗိုလ်ဇာနည်အောင်က ဆောင်ရွက်မည်ဖြစ်သည်။

CDM ဗိုလ်မှူး Major 48၏ ဦးဆောင်မှုနှင့်အတူ စစ်ဗျူဟာ၊တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင်များဖြင့် People Soldiers’ Defense Force (PSDF)ကို ဖွဲ့စည်းထား​ကြောင်း အဆိုပါအဖွဲ့က ကြေညာသည်။

အာဏာရှင်စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်လာသည့် CDM ဗိုလ်ကြီးများအနက် စစ်ဗျူဟာဆိုင်ရာ အကြံပေးနှင့် ဆက်ဆံရေးအရာရှိအဖြစ် ဗိုလ်ကြီးထက်မြတ်၊တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာဆိုင်ရာ အကြံပေး အဖြစ် ဗိုလ်ကြီး​အေးချမ်းက တာဝန်ယူမည်ဖြစ်သည်။

အလားတူ တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာ ဆိုင်ရာတွဲဖက်အကြံပေးအဖြစ် ဗိုလ်ကြီးဇင်ယော်နှင့် ဖောက်ခွဲဖျက်ဆီးရေးနှင့် စစ်ဗျူဟာဆိုင်ရာအကြံပေးအဖြစ် ဗိုလ်ဇာနည်အောင်က ဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် နယ်ပယ်ဒေသ အသီးသီးရှိ မြေပြင်အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေသော လုံခြုံရေးအရ အမည်ဖော်ပြ၍ မရသေးသည့် အရာရှိ၊စစ်သည်များနှင့် အခြားသောကျွမ်းကျင် ပညာရှင်များလည်းပါဝင်ဖွဲ့စည်းထားကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာအတွင်းက စတင်ဖွဲ့စည်းခဲ့သော PSDF သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ချောင်းဦး၊မြောင်၊မြင်းမူ၊ဆားလင်းကြီး၊ဒီပဲယင်း၊မြင်းခြံ အပါအဝင် မြေအောက် UG အဖွဲ့အချို့နှင့် မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။