Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ပျံလွှား​အောင် စစ်ရေးတုန့်ပြန်မှုများ ပြုလုပ်ခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ကြောညာ၊ စစ်ကောင်စီဘက်မှ သုံးဦးသေ ခုနစ်ဦးဒဏ်ရာရ

စစ်ရေးအရ တုန့်ပြန်တိုက်ခိုက်မှုများကို ထန်းတပင်၊ လှိိုင်သာယာနှင့် တိုက်ကြီးမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ပျံလွှားအောင်စစ်ဆင် ရေး၏အစိတ်အပိုင်းအဖြစ် စစ်ရေးတုန့်ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၂)ထုတ်ပြန်သည်။

စစ်ရေးအရ တုန့်ပြန်တိုက်ခိုက်မှုများကို ထန်းတပင်၊ လှိိုင်သာယာနှင့် တိုက်ကြီးမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထန်းတပင်

ဒီဇင်ဘာ ၉ ရက် ည ၈ နာရီခန့်တွင် ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးအနီး နေရာယူထားသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

လှိုင်သာယာ

ယမန်နေ့(ဒီဇင်ဘာ ၁၁)ရက် ညပိုင်းတွင်း လှိုင်သာယာအနောက်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး၊ ဒဂုံ-ဧရာအဝေးပြေး ကားဝင်းရှေ့၊ အနော်ရထာစက်မှုဇုန်ထိပ်ရှိ ဗျူဟာမှူးရုံးထိုင်ကွပ်ကဲသည့် အကြမ်းဖက် စစ်တပ်၏ စစ်စခန်းကို ၄၀ မမ ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အဆိုပါနေရာသို့ ဦးတည်ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား သမကုန်းလမ်းဆုံအနီးတွင် မိုင်းလေးလုံး ဖောက်ခွဲ၍ ဆက်လက်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားနှစ်ဦး သေဆုံးပြီး ​ခြောက်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ကြီး

အလားတူ ယနေ့(ဒီဇင်ဘာ ၁၂)နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ အကြမ်းဖက်စစ်ကောင်စီတပ်များ နေရာယူထားသည့် ဘန်ကာအတွင်းသို့ ဒလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်သား တစ်ဦးသေဆုံးပြီး တစ်ဦးပေါင်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါးစေများအပေါ်စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ယခုထက်ပိုမိုပြင်းထန်စွာ ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလျက်ရှိကြောင်း အသိ​ပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။