Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က ရွာသားများကိုမီးရှို့သတ်ဖြတ်ခဲ့သည့် ဆားလင်းကြီးနယ်တွင်စစ်ရှောင်နှစ်ထောင်ခန့် ရှိ​နေ

“ဒီလုပ်ရပ်လုပ်သွားတော့ ပတ်ဝန်းကျင် ဘိန်းနွယ်ချောင်တို့ ဂုဏ်တောတို့၊၊ အုံတုံပင် တို့ အဲဒီရွာတွေက အကုန်လုံး ကြောင့်လန့်ပြီး အကုန်ထွက်ပြေးကြတာ စစ်ဘေးရှောင်တွေဖြစ်သွားတာ” ဟု ၎င်းက ဆက်​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ရွာသား ၁၁ဦးကို ဖမ်းဆီးနှိပ်စက်မီးရှို့ သတ်ဖြတ်ခဲ့ သည့် ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာ နှင့်အနီးတ၀ိုက်​ကျေးရွာများမှ ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေကြ​ကြောင်း ဒေသခံအချို့ကပြောသည်။

ဒီဇင်ဘာ ၇ရက်က ဒုန်းတောကျေးရွာမှ အသက်မပြည့်​သေး​သောလူငယ် ၅ညဦးအပါအဝင် ၁၁ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ယနေ့ (ဒီဇင်ဘာ ၁၂ရက်)တွင်လည်း ဘိန်းနွယ်ချောင်ရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိနေ သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

“ဒီလုပ်ရပ်လုပ်သွားတော့ ပတ်ဝန်းကျင် ဘိန်းနွယ်ချောင်တို့ ဂုဏ်တောတို့၊၊ အုံတုံပင် တို့ အဲဒီရွာတွေက အကုန်လုံး ကြောင့်လန့်ပြီး အကုန်ထွက်ပြေးကြတာ စစ်ဘေးရှောင်တွေဖြစ်သွားတာ” ဟု ၎င်းက ဆက်​ပြောသည်။

​ကျေးရွာများကိုဝင်ရောက်စီးနင်းမှုကြောင့် ကံကုန်း၊ ဒုန်းတော၊ ထန်းတောကြီး၊ ဘိန်းနွယ် ချောင်၊ ရွာသာ၊ အုံတုံပင် အပါအဝင် ကျေးရွာ ၇ရွာမှ ဒေသခံ ၂၀၀၀ ခန့် ထွက်​ပြေး
တိမ်းရှောင်နေကြရသည်ဟုဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှ စစ်​ဘေးဒုက္ခသည်များအတွက် အ​ရေး​ပေါ်အကူအညီများလိုအပ်လျှက်ရှိ​ကြောင်း အလှူ​ငွေ​ကောက်ခံ၍ကူညီ​ပေး​နေ​သော မုံရွာတက္ကသိုလ်​ကျောင်းသားများသမဂ္ဂကလည်းသတင်းထုတ်ပြန်ထားသည်။

ဒေသခံပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ၊ စစ်ကောင်စီတပ်က အကြမ်းဖက် ထိုးစစ်ဆင်မှုများ၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ရှောင်ဦးရေ တိုးလာနေပြီး စုစုပေါင်း ၆၀၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကူညီရေးအဖွဲ့အချို့က​ပြောသည်။

(စစ်​ကောင်စီတပ်များ အကြမ်းဖက်မှု​ကြောင့်​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ကံကုန်းရွာအပါအဝင် ​ကျေးရွာအချို့ကို Google Map တွင်​တွေ့ရပုံ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။