Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ရွာသားများကိုမီးရှို့သတ်ဖြတ်ခဲ့သည့် ဆားလင်းကြီးနယ်တွင်စစ်ရှောင်နှစ်ထောင်ခန့် ရှိ​နေ

“ဒီလုပ်ရပ်လုပ်သွားတော့ ပတ်ဝန်းကျင် ဘိန်းနွယ်ချောင်တို့ ဂုဏ်တောတို့၊၊ အုံတုံပင် တို့ အဲဒီရွာတွေက အကုန်လုံး ကြောင့်လန့်ပြီး အကုန်ထွက်ပြေးကြတာ စစ်ဘေးရှောင်တွေဖြစ်သွားတာ” ဟု ၎င်းက ဆက်​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ရွာသား ၁၁ဦးကို ဖမ်းဆီးနှိပ်စက်မီးရှို့ သတ်ဖြတ်ခဲ့ သည့် ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာ နှင့်အနီးတ၀ိုက်​ကျေးရွာများမှ ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေကြ​ကြောင်း ဒေသခံအချို့ကပြောသည်။

ဒီဇင်ဘာ ၇ရက်က ဒုန်းတောကျေးရွာမှ အသက်မပြည့်​သေး​သောလူငယ် ၅ညဦးအပါအဝင် ၁၁ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မီးရှို့သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ယနေ့ (ဒီဇင်ဘာ ၁၂ရက်)တွင်လည်း ဘိန်းနွယ်ချောင်ရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိနေ သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

“ဒီလုပ်ရပ်လုပ်သွားတော့ ပတ်ဝန်းကျင် ဘိန်းနွယ်ချောင်တို့ ဂုဏ်တောတို့၊၊ အုံတုံပင် တို့ အဲဒီရွာတွေက အကုန်လုံး ကြောင့်လန့်ပြီး အကုန်ထွက်ပြေးကြတာ စစ်ဘေးရှောင်တွေဖြစ်သွားတာ” ဟု ၎င်းက ဆက်​ပြောသည်။

​ကျေးရွာများကိုဝင်ရောက်စီးနင်းမှုကြောင့် ကံကုန်း၊ ဒုန်းတော၊ ထန်းတောကြီး၊ ဘိန်းနွယ် ချောင်၊ ရွာသာ၊ အုံတုံပင် အပါအဝင် ကျေးရွာ ၇ရွာမှ ဒေသခံ ၂၀၀၀ ခန့် ထွက်​ပြေး
တိမ်းရှောင်နေကြရသည်ဟုဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှ စစ်​ဘေးဒုက္ခသည်များအတွက် အ​ရေး​ပေါ်အကူအညီများလိုအပ်လျှက်ရှိ​ကြောင်း အလှူ​ငွေ​ကောက်ခံ၍ကူညီ​ပေး​နေ​သော မုံရွာတက္ကသိုလ်​ကျောင်းသားများသမဂ္ဂကလည်းသတင်းထုတ်ပြန်ထားသည်။

ဒေသခံပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ၊ စစ်ကောင်စီတပ်က အကြမ်းဖက် ထိုးစစ်ဆင်မှုများ၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ရှောင်ဦးရေ တိုးလာနေပြီး စုစုပေါင်း ၆၀၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကူညီရေးအဖွဲ့အချို့က​ပြောသည်။

(စစ်​ကောင်စီတပ်များ အကြမ်းဖက်မှု​ကြောင့်​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ကံကုန်းရွာအပါအဝင် ​ကျေးရွာအချို့ကို Google Map တွင်​တွေ့ရပုံ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။