Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်မြင့်မောင် သက်‌​သေထွက်ဆိုဖို့ ထောင်အာဏာပိုင်တွေ ခရီးသွားခွင့်မပြု

ဒါကြောင့် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုနိုင်ဖို့ ဗီဒီယိုကွန်ဖရန့်ဆင်းကတဆင့် လုပ်ဆောင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို မေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုမှာ ဒေါက်တာဇော်မြင့်မောင် သက်သေအဖြစ် တရားရုံးမှာ လာရောက်ထွက်ဆိုဖို့ ထောင်အာဏာပိုင်တွေက ခရီးသွားခွင့် မပြုဘူးလို့ သိရပါတယ်။

သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ တရားရုံးက ဆင့်ခေါ်စာ ပို့ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်က တရားခွင်ကို ခရီးသွားခွင့်မပြုခဲ့တာပါ။

ဒါကြောင့် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုနိုင်ဖို့ ဗီဒီယိုကွန်ဖရန့်ဆင်းကတဆင့် လုပ်ဆောင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို မေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လအတွင်းက နေပြည်တော်က NLD ထောက်ခံသူတွေနေထိုင်ရာ နေရာကို သွားရောက်တဲ့ ခရီးစဥ်နဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃နှစ်အထိ ချလို့ရတဲ့ သဘာဝဘေးဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲတဲ့အမှုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီခရီးစဥ်မှာ ဒေါက်တာဇော်မြင့်မောင်လည်း လိုက်ပါတာဖြစ်တဲ့အတွက် သက်သေအဖြစ် ထွက်ဆိုနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံးကိုတင်ပြထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၄နှစ် ချခံထားရပြီး အခြားသောအမှုတွေနဲ့လည်း မန္တလေး အိုးဘိုထောင်ထဲက ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။