Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်မြင့်မောင် သက်‌​သေထွက်ဆိုဖို့ ထောင်အာဏာပိုင်တွေ ခရီးသွားခွင့်မပြု

ဒါကြောင့် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုနိုင်ဖို့ ဗီဒီယိုကွန်ဖရန့်ဆင်းကတဆင့် လုပ်ဆောင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို မေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုမှာ ဒေါက်တာဇော်မြင့်မောင် သက်သေအဖြစ် တရားရုံးမှာ လာရောက်ထွက်ဆိုဖို့ ထောင်အာဏာပိုင်တွေက ခရီးသွားခွင့် မပြုဘူးလို့ သိရပါတယ်။

သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ တရားရုံးက ဆင့်ခေါ်စာ ပို့ခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်က တရားခွင်ကို ခရီးသွားခွင့်မပြုခဲ့တာပါ။

ဒါကြောင့် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုနိုင်ဖို့ ဗီဒီယိုကွန်ဖရန့်ဆင်းကတဆင့် လုပ်ဆောင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို မေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လအတွင်းက နေပြည်တော်က NLD ထောက်ခံသူတွေနေထိုင်ရာ နေရာကို သွားရောက်တဲ့ ခရီးစဥ်နဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃နှစ်အထိ ချလို့ရတဲ့ သဘာဝဘေးဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲတဲ့အမှုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီခရီးစဥ်မှာ ဒေါက်တာဇော်မြင့်မောင်လည်း လိုက်ပါတာဖြစ်တဲ့အတွက် သက်သေအဖြစ် ထွက်ဆိုနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံးကိုတင်ပြထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၄နှစ် ချခံထားရပြီး အခြားသောအမှုတွေနဲ့လည်း မန္တလေး အိုးဘိုထောင်ထဲက ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။