Connect with us

Hi, what are you looking for?

LuduNwayOo

News

အ​ဝေးပစ် ၆၀(မမ) တီထွင်နိုင်ခဲ့ဟု လက်နက်ထုတ်လုပ်​ရေးအဖွဲ့ အတည်ပြု

၆၀(မမ) တီထွင်ရန် အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်စဉ်တွင် ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ တစ်ဦး လက်ချောင်း နှစ်ချောင်းပြတ်ခဲ့ရသည်ဟု ဆိုသည်။

အဝေးပစ်လက်နက် ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာပြည်အလယ်ပိုင်းရှိ လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT Production တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

၆၀(မမ) တီထွင်ရန် အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်စဉ်တွင် ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ တစ်ဦး လက်ချောင်း နှစ်ချောင်းပြတ်ခဲ့ရသည်ဟု ဆိုသည်။

“LPDF တွေကိုတော့ ၆၀(မမ) တချို့ စထောက်ပံ့နေပြီ။ကျွန်တော်တို့ကိုယ်တိုင်လည်း ယင်းမာပင်နဲ့ ကနီဘက်တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်နေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် လက်နက်အချို့ ဆက်လက်တီထွင်နိုင်ရန် ငွေကြေးနှင့် ခဲယမ်းများ အခက်အခဲရှိ နေသောကြောင့် တက်နိုင်သမျှထောက်ပံ့ ပေးရန်လည်း ၎င်းက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ LPDF နှင့် MTT Production အဖွဲ့ကို ယုံကြည်စွာကူညီပံ့ပိုးပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပြီးလေးစားမိပါကြောင်း ဦးစွာပြောလိုပါတယ်။ပါဝင်အားဖြည့်မှု့အစုစုတိုင်းအတွက်လည်း ခွန်အားဖြစ်ရပါတယ်။မိတ်ဆွေတို့ ကူညီပေးခဲ့ကြတဲ့ အရာရာတိုင်းကိုလည်း တော်လှန်ရေးကိစ္စအဝဝမှလွဲ၍မိမိကိုယ်ကျိုးအတွက်ရော၊ မိမိအစုအဖွဲ့ကိုယ်ကျိုးအတွက်ပါ လုံးဝ လုံးဝ အသုံးပြုမည် မဟုတ်ပါကြောင်းကိုလည်း ကတိသစ္စာပြုကြောင်း” MTT Production က ထုတ်ပြန်ထားသည်။

မကြာသေးမီရက်ပိုင်းက စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ရေမြုပ်မိုင်းများ တီထွင်နိုင်ခဲ့ကြောင်းလည်း ကြေညာထားသည်။

ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်ကလည်း ကနီမြို့နယ်မဲဒင်ရွာ ကျွန်းခုံအနီး၌ ရေမြုပ်မိုင်းကို စတင်အသုံးပြုခဲ့ပြီး တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်တစ်စီးသည် နစ်မြှုပ်ခဲ့ကြောင်း ကနီPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။