Connect with us

Hi, what are you looking for?

News

အ​ဝေးပစ် ၆၀(မမ) တီထွင်နိုင်ခဲ့ဟု လက်နက်ထုတ်လုပ်​ရေးအဖွဲ့ အတည်ပြု

၆၀(မမ) တီထွင်ရန် အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်စဉ်တွင် ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ တစ်ဦး လက်ချောင်း နှစ်ချောင်းပြတ်ခဲ့ရသည်ဟု ဆိုသည်။

အဝေးပစ်လက်နက် ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာပြည်အလယ်ပိုင်းရှိ လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT Production တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

၆၀(မမ) တီထွင်ရန် အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်စဉ်တွင် ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ တစ်ဦး လက်ချောင်း နှစ်ချောင်းပြတ်ခဲ့ရသည်ဟု ဆိုသည်။

“LPDF တွေကိုတော့ ၆၀(မမ) တချို့ စထောက်ပံ့နေပြီ။ကျွန်တော်တို့ကိုယ်တိုင်လည်း ယင်းမာပင်နဲ့ ကနီဘက်တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်နေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် လက်နက်အချို့ ဆက်လက်တီထွင်နိုင်ရန် ငွေကြေးနှင့် ခဲယမ်းများ အခက်အခဲရှိ နေသောကြောင့် တက်နိုင်သမျှထောက်ပံ့ ပေးရန်လည်း ၎င်းက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ LPDF နှင့် MTT Production အဖွဲ့ကို ယုံကြည်စွာကူညီပံ့ပိုးပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပြီးလေးစားမိပါကြောင်း ဦးစွာပြောလိုပါတယ်။ပါဝင်အားဖြည့်မှု့အစုစုတိုင်းအတွက်လည်း ခွန်အားဖြစ်ရပါတယ်။မိတ်ဆွေတို့ ကူညီပေးခဲ့ကြတဲ့ အရာရာတိုင်းကိုလည်း တော်လှန်ရေးကိစ္စအဝဝမှလွဲ၍မိမိကိုယ်ကျိုးအတွက်ရော၊ မိမိအစုအဖွဲ့ကိုယ်ကျိုးအတွက်ပါ လုံးဝ လုံးဝ အသုံးပြုမည် မဟုတ်ပါကြောင်းကိုလည်း ကတိသစ္စာပြုကြောင်း” MTT Production က ထုတ်ပြန်ထားသည်။

မကြာသေးမီရက်ပိုင်းက စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ရေမြုပ်မိုင်းများ တီထွင်နိုင်ခဲ့ကြောင်းလည်း ကြေညာထားသည်။

ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်ကလည်း ကနီမြို့နယ်မဲဒင်ရွာ ကျွန်းခုံအနီး၌ ရေမြုပ်မိုင်းကို စတင်အသုံးပြုခဲ့ပြီး တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်တစ်စီးသည် နစ်မြှုပ်ခဲ့ကြောင်း ကနီPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook