Connect with us

Hi, what are you looking for?

News

မုံရွာ-ယာကြီး-ကလေးဝလမ်းရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်​ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ

“ဆိုင်နှင့်နေအိမ် ၁၀ လုံး အပါအဝင် တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး တစ်ခင်း၊ ကောက်ဆံပုံ ၁၀ပုံ တို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် နွားတစ်ကောင်အား သတ်ဖြတ်စားသောက်ခဲ့ပြီး မြင်းတစ်ကောင် ပစ်သတ်သွားခဲ့ပါတယ်”ဟု KNDF-2 က ဆိုသည်။

ဆိုင်၊ နေအိမ်နှင့်တဲ ၁၇လုံးကိုလည်း မီးရှို့ဖျက်ဆီးသွား

မုံရွာ-ယာကြီး-ကလေးဝလမ်း​ဘေး ဆယ်ရွာချောင်ဒေသ လာပို့ကျေးရွာရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့များက ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူသွားကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ၂ (KNDF-2)က ယနေ့(ဒီဇင်ဘာ ၁၄) ထုတ်ပြန်သည်။

လာပို့ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်ပြီး အင်အားအများအပြားဖြင့် ဒီဇင်ဘာ ၁၂တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်များက လမ်းဘေးဝဲယာရှိ ဆိုင်နှင့်နေအိမ် ၁၀ လုံးအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူသယ်ဆောင်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဆိုင်နှင့်နေအိမ် ၁၀ လုံး အပါအဝင် တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး တစ်ခင်း၊ ကောက်ဆံပုံ ၁၀ပုံ တို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် နွားတစ်ကောင်အား သတ်ဖြတ်စားသောက်ခဲ့ပြီး မြင်းတစ်ကောင် ပစ်သတ်သွားခဲ့ပါတယ်”ဟု KNDF-2 က ဆိုသည်။

စစ်ကောင်စီတက်များ မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းနှင့် ဆယ်ရွာချောင်ဒေသတကြော နယ်မြေစိုးမိုးမှုပြုလုပ်လာနိုင်ခြေရှိခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အမြဲသတိပြုရန်‌၊ ရှောင်ရှားနေထိုင်ကြရန် လိုအပ်ကြောင်း KNDF-2 က တိုက်တွန်းသည်။

ထို့အပြင် KNDF-2 အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း အများပြည်သူအား စွမ်းအားရှိသမျှ ကာကွယ်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။