Connect with us

Hi, what are you looking for?

News

မုံရွာ-ယာကြီး-ကလေးဝလမ်းရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်​ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ

“ဆိုင်နှင့်နေအိမ် ၁၀ လုံး အပါအဝင် တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး တစ်ခင်း၊ ကောက်ဆံပုံ ၁၀ပုံ တို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် နွားတစ်ကောင်အား သတ်ဖြတ်စားသောက်ခဲ့ပြီး မြင်းတစ်ကောင် ပစ်သတ်သွားခဲ့ပါတယ်”ဟု KNDF-2 က ဆိုသည်။

ဆိုင်၊ နေအိမ်နှင့်တဲ ၁၇လုံးကိုလည်း မီးရှို့ဖျက်ဆီးသွား

မုံရွာ-ယာကြီး-ကလေးဝလမ်း​ဘေး ဆယ်ရွာချောင်ဒေသ လာပို့ကျေးရွာရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့များက ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူသွားကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ၂ (KNDF-2)က ယနေ့(ဒီဇင်ဘာ ၁၄) ထုတ်ပြန်သည်။

လာပို့ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်ပြီး အင်အားအများအပြားဖြင့် ဒီဇင်ဘာ ၁၂တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်များက လမ်းဘေးဝဲယာရှိ ဆိုင်နှင့်နေအိမ် ၁၀ လုံးအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူသယ်ဆောင်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဆိုင်နှင့်နေအိမ် ၁၀ လုံး အပါအဝင် တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး တစ်ခင်း၊ ကောက်ဆံပုံ ၁၀ပုံ တို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် နွားတစ်ကောင်အား သတ်ဖြတ်စားသောက်ခဲ့ပြီး မြင်းတစ်ကောင် ပစ်သတ်သွားခဲ့ပါတယ်”ဟု KNDF-2 က ဆိုသည်။

စစ်ကောင်စီတက်များ မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းနှင့် ဆယ်ရွာချောင်ဒေသတကြော နယ်မြေစိုးမိုးမှုပြုလုပ်လာနိုင်ခြေရှိခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အမြဲသတိပြုရန်‌၊ ရှောင်ရှားနေထိုင်ကြရန် လိုအပ်ကြောင်း KNDF-2 က တိုက်တွန်းသည်။

ထို့အပြင် KNDF-2 အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း အများပြည်သူအား စွမ်းအားရှိသမျှ ကာကွယ်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်