Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ် ဘုရားပျိုရဲစခန်း ဗုံးပေါက်၊ ပစ်ခတ်သံများလည်း ထွက်ပေါ်

“ပထမ ပေါက်ကွဲသံအကျယ်ကြီးတစ်ချက်ကြားရတယ်။ နောင်တော့ သေနတ်ပစ်သံတွေဆက်တိုက်ပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ ဘုရားပျိုရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၆)ည ၇ နာရီခွဲခန့်တွင် ဘုရားပျိုကျေးရွာ နယ်မြေရဲစခန်းတွင် ဗုံးပေါက်ကွဲပြီးနောက် သေနတ်သံများအဆက်မပြတ်ထွက်ပေါ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“ပထမ ပေါက်ကွဲသံအကျယ်ကြီးတစ်ချက်ကြားရတယ်။ နောင်တော့ သေနတ်ပစ်သံတွေဆက်တိုက်ပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ခရမ်းမြို့ပေါ်၌အစောင့်ချထားသော စစ်ကောင်စီတပ်မှ ကားသုံးစီး မြို့ပေါ်မှ တရကြမ်းမောင်းထွက်သွားကြောင်းလည်း ခရမ်းမြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ည ၉ နာရီကျော်တွင်လည်း ဘုရားပျိုကျေးရွားဘက်တွင် ပေါက်ကွဲမှုနောက်တစ်ကြိမ်ထပ်မံဖြစ်ပွားကာ ပစ်ခတ်မှုများရှိလည်းခဲ့သည်။

အထက်ပါဖြစ်စဥ်အတွင်း ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် အ​ခြေအနေအသေးစိပ်ကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။