Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံနဲ့ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည် ကိုထောင်ဝတ်စုံဖြစ်တဲ့ အပေါ်အင်္ကျီအဖြူရောင်နဲ့အညိုရောင်လုံချည် ဝတ်ဆင်ထားတာတွေ့ရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

နေပြည်တော်အထူးတရားရုံးက ဒီနေ့ရုံးထုတ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုထောင်ဝတ်စုံဖြစ်တဲ့ အပေါ်အင်္ကျီအဖြူရောင်နဲ့အညိုရောင်လုံချည် ဝတ်ဆင်ထားတာတွေ့ရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နည်းတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့ပါတယ်။

အဲဒီထောင်ဝတ်စုံတွေကိုတော့ အကျဉ်းထောင်အာဏာပိုင်တွေက ပေးပို့လာတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၆ ရက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ဆူပူအောင်လှုံဆော်မှု ၊ ကိုဗစ်စည်းကမ်းချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် ၄ နှစ်ချလိုက်ပြီး ညပိုင်းမှာ ၂ နှစ်စီ လျော့ချပေးခဲ့ပါတယ်။

ပြစ်ဒဏ်တွေလျော့ချပေးပြီး နေပြည်တော်မှာပဲ ဆက်လက်ဖမ်းဆီးခံရကာ တရားရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင်ကိုလည်း အဲဒီနေ့က ထောင်ဒဏ် ၂ နှစ်ချခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။