Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပမြို့နယ် ကားကြီးဂိတ်မှတ်တိုင်အနီး တပ်စွဲထားသော စစ်ကောင်စီတပ်များကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“ပေါက်ကွဲမှုဖြစ်ရာနေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ DC ကားနှစ်စီး ၊ အင်အား အပြည့်ဖြင့် ရောက်လာသည့်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုများဖြစ်ခဲ့ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အတွင်း အာဏာသိမ်းစစ်ကောင်စီများတပ်စွဲထားသည့်နေရာကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နေ့လည် ၂နာရီကျော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားသည့် ကားကြီးဂိတ် မှတ်တိုင် အနီး၌ ရှေ့ပြေးအဝေးထိန်းဗုံးဖောက်ခွဲခဲ့ပြီး ပေါက်ကွဲသည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးရန်ရောက်ရှိလာသည့် အချိန်တွင် ဒုတိယအကြိမ်ထပ်မံ ဖောက်ခွဲခဲ့ကြောင်း ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။

“ပေါက်ကွဲမှုဖြစ်ရာနေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ DC ကားနှစ်စီး ၊ အင်အား အပြည့်ဖြင့် ရောက်လာသည့်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုများဖြစ်ခဲ့ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါနေရာကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် သေဆုံးသူနှင့် ထိခိုက်သူအရေ အတွက်အတိ အကျကိုမှု မသိခဲ့ရကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်ကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နှင့်အတူ တောင်ပိုင်း ပြည်သူ့ ကာကွယ်ရေးအင်အားစု(SSUG) ၊ မြောက်ဥက္ကလာပအထူးပြောက်ကျားတပ်ဖွဲ့ (N.G.F) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ကို ၎င်းတို့၏ ပေ့ချ်၌ တင်ခဲ့ရာ ဖြုတ်ချခံခဲ့ရပြီး Warning ပေးခံခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။