Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပမြို့နယ် ကားကြီးဂိတ်မှတ်တိုင်အနီး တပ်စွဲထားသော စစ်ကောင်စီတပ်များကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“ပေါက်ကွဲမှုဖြစ်ရာနေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ DC ကားနှစ်စီး ၊ အင်အား အပြည့်ဖြင့် ရောက်လာသည့်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုများဖြစ်ခဲ့ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အတွင်း အာဏာသိမ်းစစ်ကောင်စီများတပ်စွဲထားသည့်နေရာကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နေ့လည် ၂နာရီကျော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားသည့် ကားကြီးဂိတ် မှတ်တိုင် အနီး၌ ရှေ့ပြေးအဝေးထိန်းဗုံးဖောက်ခွဲခဲ့ပြီး ပေါက်ကွဲသည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးရန်ရောက်ရှိလာသည့် အချိန်တွင် ဒုတိယအကြိမ်ထပ်မံ ဖောက်ခွဲခဲ့ကြောင်း ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။

“ပေါက်ကွဲမှုဖြစ်ရာနေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ DC ကားနှစ်စီး ၊ အင်အား အပြည့်ဖြင့် ရောက်လာသည့်အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုများဖြစ်ခဲ့ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါနေရာကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် သေဆုံးသူနှင့် ထိခိုက်သူအရေ အတွက်အတိ အကျကိုမှု မသိခဲ့ရကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်ကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နှင့်အတူ တောင်ပိုင်း ပြည်သူ့ ကာကွယ်ရေးအင်အားစု(SSUG) ၊ မြောက်ဥက္ကလာပအထူးပြောက်ကျားတပ်ဖွဲ့ (N.G.F) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ကို ၎င်းတို့၏ ပေ့ချ်၌ တင်ခဲ့ရာ ဖြုတ်ချခံခဲ့ရပြီး Warning ပေးခံခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် ယနေ့(ဧပြီ၂၀ရက်) ညပိုင်းက ပေါက်ကွဲသံ ငါးချက်ထက်မနည်းထွက်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်နေသည်။

ဆောင်းပါး

မီးလောင်ပြင်တွင် ဝမ်းနည်းပူ​ဆွေးစွာ ငိုကြွေးသံများ ဘဝဂ်ညံနေသည်။ အမျိုးသမီးအချို့က မြေပြင်၌လူးလိမ့်၍ငိုကြွေးနေကြသည်။ အမျိုးသားများကလည်း အော်ဟစ်၍ မီး​လောင်ပြင်တွင်အသက်ရှင်​နေသူများရှိဦးမလား ပြာပန်းခတ် ရှာ​ဖွေနေကြသည်။

သတင်း

MNDAAဆုတ်ခွာပြီးစစ်ကောင်စီပြန်ဝင်လာသည့်လားရှိုးမြို့တွင် အုပ်ချုပ်ရေးယန္တရားပျက်ပြား​နေပြီးလူနေထိုင်ခြင်းမရှိသည့်အ‌ဆောက်အအုံအချို့ကို လူတချို့ကဝင်​ရောက်၍ပစ္စည်းများခိုး ယူနေကြသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်စဲမည်ဟုကြေညာထားသော်လည်း တစ်ရက်မှ အပစ်မရပ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။